မေမေ ဖေ့ဖေ့ကို ဘယ်လိုရှင်းပြရမလဲဟင် သမီးကြောက်တယ်ဖေဖေသမီးကိုစိတ်ပျက်သွားမှာ ပီးတော့သမီးပြောမထွက်ဘူး သမီးအပေါ်မှာဖေဖေထားရှိတဲ့ရည်မှန်းချက်တွေ ပီးတော့သမီးကြောင့်ဂုဏ်ယူနေတဲ့ဖေဖေရဲ့မျက်နှာပေါ်ကအပြုံးတွေက......ခုသမီးကြောင့်အကုန်ပျက်ဆီးတော့မှာဆိုတဲ့အတွေးနဲ့တင်သမီးကိုသမီးဘဝမှာစိတ်ပျက်မိတာပထမဆုံးအကြိမ်ပဲမေမေ ....
"ဒါတွေသမီးစိတ်မပူနဲ့ ဒီကသမီးလေးရဲ့မေမေကအကုန်နားလည်အောင်ရှင်းပြပေးမယ် ........မေမေပြောပေးမှာပေါ့မေ့ရဲ့မင်းသမီးလေးကအားရှိအောင်တရေးအိပ်ပီးအနာယူလိုက်တော့နော်......
သမီးအိပ်ယာကနိုးရင်အကုန်အဆင်ပြေသွားလိမ့်မယ်ဘာမှမတွေးပဲနဲ့အနားယူတော့သမီး မေမေအခန်းလိုက်ကာပိတ်သွားပေးမယ်နော်ခလေး...အလင်းရောင်ကြောင့်မေ့သမီးလေးအိပ်မပျော်မှာဆိုးလို့".....
မြကြေးမုံတယောက်သူမရဲ့အမေကိုတိုးတိုးလေးခေါ်လိုက်တော့ ......
ဘာပြောမို့လဲမေမေ့ကိုခေါ်တာ.....
သူ့ကိုကောဘယ်လိုပြောရမလဲဟင် .....
မောင်ထက်မြတ်ကိုမလား သမီးပြောမထွက်ရင်မေမေပဲပြောလိုက်မယ် သူလဲနားလည်ပေးမှာပါ သမီးရဲ့အမှားမှမဟုတ်တာ ပီတော့မနက်ဖြန်ဘာဖစ်မလဲဆိုတာဘယ်သူ့မှမသိနိုင်တာမို့ ဒီကိစ္စကလဲသမီးအမှားမဟုတ်ဘူး ပီးတော့အဲ့ကောင်လေးကောဒီကိစ္စကို သိပီးပီးလား အော်မေမေစကားပြောမှားသွားတာ သမီးလေးတောင်ဒီနေ့မှသိတာကို မေမေပဲသူနဲ့ချိန်ပီးအကျိုးသင့်အကြောင်းသင့်ပြောပြပီးတာဝန်ယူခိုင်းရမှာပေါ့ သူလဲသူ့ရဲ့အမှားဆိုတာသိလောက်မှာပါ ကဲပါသမီးလေးလဲ အိပ်လိုက်တော့ မေမေလဲလုပ်စရာရှိတာတွေပြင်ဆင်လိုက်အုံးမယ် စောင်လေးပါခြုံထား မွှ သမီးလေးရဲ့နဖူးကိုတချက်နမ်းပီးဒေါ်မြခတ်နွယ် အခန်းထဲမှထွက်လာခဲ့သည်.....
' အခန်းပြင်ရောက်မှ သမီးလေးရှေ့ဟန်ဆောင်ထားသမျှရဲရင့်မှုတွေဟာလဲ ပျောက်ဆုံးပီး ကြမ်းပြင်ပေါ်ဒူးထောက်ပီးထိုင်ချမိလေတော့သည် သမီးလေးရှေ့မှာ ထိန်းထားခဲ့တဲ့မျက်ရည်တွေဟာလည်း အတားအဆီးမရှိ မိုးပြိုသကဲ့သို့တလဟောစီးကျလာလေပီး အသံတိတ်စွာငိုကြွေးမိတော့သည် ".....
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို