မနက်ရောက်တော့ မမိပု ဦးယံဆင်းလာတာတွေ့မိသေးလားမတွေ့မိသေးဘူး မောင်ထက်မြတ် ဘာကိစ္စရှိလို့တုန်း.....
အငယ်နှစ်ယောက်ကော ကျောင်းသွားကြပီလား
မောင်နှမတွေ ခုထိ အောက်မဆင်းလာကြသေးဘူး မောင်ထက်မြတ်
ထိုစဥ် မောနီး ပါးပါး ....
မောနီးပါ ခလေးတွေ....
ပါးပါး မားမားကော မတွေ့ပါလား
မင်းတို့မားမား ညက ပါးပါးနဲ့စကားစစ်ထိုးထားတာ သူရှုံးသွားလို့ စိတ်ကောက်ပီး အိပ်ယာထဲလှဲနေတုန်းရှိသေး.....
အဲ့တာဆို ပါးပါးပြောတာက ဦးယံချောင်းသာသွားမဲ့ကိစ္စကို မားမားကခွင့်ပြုလိုက်ပီးဆိုတဲ့ သဘောလား
သားငယ်လေးက တော်လိုက်တာကွာ
ဟဲ ဟဲ ပါးပါးသားပဲဟာ ဒီလောက်ကမဆိုသလောက်ပဲရှိသေးတယ်
ချီ ထင်သားပဲ မားမားကြောင့် ဦးယံ မသွားဘူးပြောတာ မားမားကဘာမှန်းမသိဘူး ဦးယံလို နိုင်ငံကျော်မင်းသားကို သားတော်ထားတာ ဂုဏ်ယူပီးဝင့်ကြွားရမှာကို နေရာတကာလိုက်ချုပ်ချယ်နေတာ ဟွန့် မားမားစိတ်ပုတ်
သမီး မားမား ကြားရင် ဆူခံထိရင်ထိ မထိရင် မုန့်ဖို့ဖြတ်ခံထိမှာ မကြောက်ဘူးလား....
မကြောက်ပါဘူး သမီးကမှန်တာပြောတာပဲဟာ ...တကယ်လို ဆူခံထိရင် ပါးပါးတယောက်လုံးရှိနေတာပဲဟာ မုန့်ဖို့မပေးလဲနေပေါ့ ပါးပါးဆီကတောင်းမှာပေါ့....
ဟိုမှာ မားမား သမီးတို့ကိုကြည့်နေပီး
မားမား ချီဘာမှမပြောဘူး အဲ့တာ မိုးသည်းပြောတာ
ပြောတော့မကြောက်ဘူးတဲ့ သားငယ်တာပါလွဲချရသေး အကြီးပီသတယ်နော်
ဟီး ပါးပါးကလဲ
ပါးပါးသိပီးမလား မမက သားကိုအဲ့လိုပဲအမြဲအနိုင့်ကျင့်နေတာ
ကျင့်တော့ ဘာဖစ်လဲ ဖျတ် ဖျတ်
မရိုတ်နဲ့လေ သားကို သားဘာလုပ်လို့လဲ
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို