ep -39

1.4K 33 0
                                    

မေနှင်းရေ......ချီချီလာတယ်

သြော် သမီးလေးပါလား ဒီရက်ပိုင်း မေနှင်းဆီတောင် သိပ်မလာတော့လို့ မျှော်နေတာ

ချီချီမအားလို့ပါ မေနှင်း ဆေးကျောင်းတတ်နေတော့ စာတွေကအရမ်းခက် ပီးတော့ လက်တွေ့စမ်းသပ်ရတာတွေကော အဆိုးဆုံးကလေ ဖားတွေကိုင်ပီး လေ့လာရတာပဲ ချီချီအရမ်းကြောက်တာပဲ မေနှင်းရယ်

နောက်တော့ အသားကျသွားမှာပါ သမီးလေးရဲ့အိမ်မက်ကို ဇွဲမလျော့ပဲကြိုးစားနော်သမီး သမီး ကိုကိုလို အိမ်မက်ကတခြား လုပ်နေတဲ့အရာကတခြားမဖစ်စေနဲ့...

ဒါနဲ့ သမီး မားမားကော အိမ်ထဲမှာပဲလား

ဒီနေ့ မားမားက ဆိုင်သွားထိုင်တယ် အိမ်မှာမရှိဘူး အဲ့တာကြောင့် ချီချီ ဒီဘက်လာခဲ့တာ မေနှင်း

ပီးတော့ ကိုကိုကော အိမ်မှာရှိတယ်မလား

ရှိပါ ရှိပါ သမီးရေ ဒီနေ့ အလုပ်မသွားဘူး မေနှင်းခိုင်းစရာရှိလို့ ပေးမသွားဘူး

သမီး ကိုကိုရယ် သားဦးယံရယ် သားငယ်လေးရယ် ညီအကိုသုံးယောက် ရေကူးနေကြတယ်

ဟုတ်လား သမီးကိုပြစ်ထားကြတာပေါ့ မိန်းခလေးဆိုလို့ သမီးတယောက်ထဲပါတာကို သူတို့ကပစ်ပါယ်ထားကြတယ် ဟွန့် မေနှင်း ချီချီ သူတို့ဆီသွားပီး ရန်သွားတွေ့လိုက်အုံးမယ်

ဒီကလေးတွေနဲ့တော့ခက်ပါ့ ငယ်ငယ်ထဲကအိမ်ချင်းကပ်ရပ်ဖစ်တဲ့အပြင် မိဘချင်းကလည်းရင်းနှီးနေတော့ တကယ်နှစ်ခြံလုံးကို မွှေနှောက်နေကြတာ သူတို့လေးတွေကြောင့်လည်း မပျင်းရတာမလား

ဟေ့ရောင်ဦးယံ မင်းမနက်ဖြန် ‌ေချာင်းသာ သွားမှာမလား

ဟုတ်တယ်လေ ဘာဖစ်လို့လဲ မင်းလိုက်ပို့မလို့လား

မင်းကိုလိုက်ပို့ချင်ပေမဲ့ မနက်ဖြန် အရေးကြီးအစည်းဝေးရှိတယ် ဒီနေ့တောင် အမေက သူ့ဝမ်းမနာသားလေး စားဖို့သောက်ဖို့ မင်းအကြိုက်တွေချက်ပြုတ်နေတာ တအိမ်လုံးမွန်ထူနေကော စျေးကအစငါပဲလိုက်ပို့ရတာ ဝယ်လိုက်တာများ ငါတောင်လိုက်မဆွဲနိုင်ဘူး အိမ်က ယောကျာ်းနဲ့သားအတွက်ဆို တခါမှအဲ့လိုမျိုး မချက်ကျွေးဘူး

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now