ဦးကောင်းမြတ်တယောက် မြေပြင်ပေါ်ကမထသေးတဲ့ဇွဲကို လည်ပင်းကအကျီစကိုဆုပ်ကိုင်ပီး စကားတခွန်းပြောလိုက်တယ်
ငါဘာလို့မင်းကိုထိုးလဲဆိုတော့ မင်းကိုဒေါသထွက်လို့......
အန်ကယ်က ကျွန်တော်ကိုဒေါသထွက်ပီးထိုးရလောက်တဲ့အထိ အန်ကယ်နဲ့ကျွန်တော်ကြားမှာ ပြဿနာမရှိဘူးထင်တယ် အန်ကယ်!.....
ငါ့ဘက်ကအကြောင်းပြချက်ရှိတယ်ဆိုရင်ကော ......မင်းကွာ မင်းကငါ့မိတ်ဆွေသားဖစ်နေလို့ ငါ့စိတ်ကိုမနည်းလျှော့ထားရတာ .....မင်းဒီလောက်အောက်တန်းကျတဲ့လုပ်ရက်လုပ်မယ်လို့ မထင်ထားဘူးကွာ....
အန်ကယ်ခဏနေပါအုံး.....အောက်တန်းကျတဲ့ လုပ်ရက်တဲ့လား ဘာတွေပြောနေတာလဲ ကျွန်တော်နားမလည်ဘူး အန်ကယ်သာလူကြီးလူကောင်းတစ်ယောက်ဆို စကားကိုကွယ်ဝိုက်ပီးပြောမနေနဲ့ အန်ကယ်......ယောကျာ်းချင်းချင်းပဲ မကျေနပ်တာတွေကို တိုက်ရိုက်ဖြေးရှင်းကြတာပေါ့......
အေ မင် ရဲ့စိတ်ဓာတ်ကိုတော့ ငါသဘောကျသွားပီး...... မင်းယောကျာ်းမလား အေ ဘာလို့ နှမချင်းစာနာစိတ်မရှိရတာလဲ .....
နှမချင်းစာနာစိတ်မရှိဘူးတဲ့လား!.....ဒီမှာအန်ကယ်စကားကိုရှင်းရှင်းပြောပါ.....
အေ အိပ်ချင်ယောင်ဆောင်နေတဲ့လူက နိုးရခက်တယ်ဆိုတဲ့စကားသိပ်မှန်တာပဲ အဟက်......
မင်းစားပီးနားမလည်လို့ ခုငါ့သမီးကဆေးရုံမှာသတိမေ့နေတယ် မင်းမှာလဲညီမရှိနေလျှက်နဲ့ အဲ့တာကနှမချင်းမစာနာတာပဲမဟုတ်လား....
ကြေးမုံကဆေးရုံမှာတဲ့လား?
အန်ကယ်ကြေးမုံကဘာလို့ဆေးရုံတတ်နေတာလဲ?
အဲ့လိုမေးလိုက်တော့ ထပ်မံပီးကျရောက်လာတဲ့ လက်သီးချက်တွေက ဇွဲရဲ့မျက်နှာအနှံ့.........
မင်းကြောင့်လေ....မင်းကြောင့်....မင်းလူမဆန်စွာဖျက်ဆီးခဲ့လို့ ခုငါသမီးက မင်းနဲ့ရတဲ့ကိုယ်ဝန်ကိုလွယ်ထားရပီး အဲ့စိတ်နဲ့ပဲရှက်ပီးသေကြောင်းကြံလို့ ခုဆေးရုံမှာအသက်လုနေရတယ် အဲ့တာကိုမင်းသိလား.....!
အန်ကယ်ဘာပြောလိုက်တယ်.....ကိုယ်ဝန်တဲ့လား.....ပီးတော့အဲ့ကိုယ်ဝန်က ကျွန်တော်နဲ့ရတာတဲ့လား.....
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို