မားမား သား ဒီည ထူးခန့်တို့အိမ်သွားပီး စာလုပ်မလို့ အဲ့တာလေ အဲ့တာ မားမားသွားလေ သားငယ် သူငယ်ချင်းတွေစုပီး စာလုပ်မှာမလား မားမားခွင့်ပြုတယ်
တကယ်ပြောတာနော် မားမား
တကယ်ပေါ့သားငယ် မားမား သားငယ်လေး သဘော အိမ်က ကားနဲ့လိုက်ပို့ခိုင်းလိုက်မယ်
ရတယ် ရတယ် မားမား ထူးခန့်နဲ့သုတလာကြိုမှာ ဟိုဟာ သား သား
ဒီည အိမ်ပြန်မလာဖစ်ဘူးပြောမလို့မလား
ဟုတ်မားမား
သားသဘော မားမားခွင့်ပြုတယ် မားမားခွင့်ပြုတာ သားစာလုပ်မယ်ဆိုလို့နော် တခြားဟာတွေမပါဘူး
စိတ်ချပါမားမားရဲ့ စာပဲလုပ်မှာ ဆရာမက အိမ်စာတွေပေးလိုက်တာအများကြီး ခက်ကလည်းခက်နဲ့ အဲ့တာကြောင့် သွားရမှာ တကယ်ကမသွားချင်ဘူး သူတို့ကိုလည်းအိမ်မခေါ်ချင်ဘူး သူတို့က ဦးယံကို ...
တော်ပီးသား ဆက်မပြောနဲ့တော့ မားမားနားလည်တယ် အချိန်လည်းမစောတော့ဘူး မမှောင်ခင်သွား ပါးပါးကို မားမားပဲပြောလိုက်မယ်
ဟုတ်မားမား ပြွတ်..... မိုးသည်း မားမားပါးပြင်လေးကိုနမ်းတော့ မားမားကလည်း မိုးသည်းနည်းတူ ပါးနှစ်ဖက်ကို အသာလေးကိုင်ပီး နမ်းလာသည်
သား သွားပီး မားမား တာ့တာ့ i love u mom
မသွားခင် မျက်နှာမျိုးစုံနဲ့လုပ်ပြနေတဲ့ သားငယ်လေးကြောင့် ကြေးမုံ ကြည်းနူးရပြန်ပီး.....ကလေးဆိုတာ တကယ်ပဲ အိမ်တအိမ်ရဲ့ဆည်းလည်းလေးပဲ မလား....
ကြေးမုံလည်း သားငယ်ထွက်သွားတော့မှ တီဗွီ ဖွင့်ပီး သတင်းတွေကိုကြည့်နေမိသည်
ခဏအကြာ မားမား ပါးပါးပြန်မရောက်သေးဘူးလား မေးပီး ကြေးမုံခါးလေးကိုဖတ်ကာ ပေါင်ပေါ်မှာခေါင်းလေးတင်ပီး အိပ်နေတဲ့သမီးလေးကို ဖွဖွလေးလက်ကလေးနဲ့ပွတ်သတ်ပေးလိုက်သည်
သမီး ပါးပါး ဒီနေ့နောက်ကျမယ်တဲ့ အဲ့တာကြောင့် မားမားဒီမှာထိုင်စောင့်နေတာ
မားမား ဦးယံကော ပြန်ရောက်ပီလား
သမီး အပေါ်ထပ်မှာ သူ့ကိုတွေ့ခဲ့လား
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို