သား ပြန်လာပီးလားဟုတ်မေမေ သားယူစရာလေးရှိလို့ ခဏလာပြန်ယူတာ
အော် ဒီခလေးနှယ် အသက်ကငယ်ငယ်လေးရှိသေး မေ့တတ်နေတာ
ခဏအကြာ
သားသွားပီး မေမေ
နောက်မကျစေနဲ့နော် သား
ဟုတ်မေမေ
သားလေးအခုလို ပုံစံနဲ့ပြန်တွေ့ရတာ ကျွန်မအတွက် ဝမ်းသာစရာမလား
သမီးလေးနဲ့လမ်းခွဲတဲ့နေ့ကစပီး ဘယ်သူနဲ့မှစကားမပြော ထမင်းလဲမစား အခန်းထဲပဲအောင်းနေတာ ဒီကြားထဲ စိတ်အခန့်မသင့်ရင် ပစ္စည်းတွေရိုတ်ခွဲ သူဘာသာသူနာကျင်အောင်လုပ် တခါတလေ အခန်းထဲ ငိုနေတာမြင်ရတဲ့ မိခင်အဖို့ စိတ်မသက်သာစရာမလား ......ဒါတောင်သားက စာမေးပွဲမဖြေတော့ဘူး လုပ်နေလို့ သားလေးရယ်ဖေဖေနဲ့မေမေကို မသနားဘူးလား စာမေးပွဲလေးတော့ဖြေဖစ်အောင် ဖြေပါသားရယ်လို့ မနည်းချော့မော့ပီး လင်မယားနှစ်ယောက်လုံး သားကို ကျောင်းအကြိုအပို လုပ်ခဲ့ရတယ်မလား .....
တဖက်မိသားစုကို အကျိုးအကြောင်းဖုန်းဆက်မေးတော့ ကြေးမုံလေအခြေအနေသိရတာ ကျွန်မမှာအစကဖြင့် မယုံနိုင် မမမြခတ်လဲ ငိုငိုပီးရင်ဖွင့်နေတော့ ကျွန်မလဲ သမီးလေးအတွက် မျက်ရည်ကျရတဲ့အထိ သားလေးကို ဒီအကြောင်းတွေမပြောပြပါနဲ့ဆိုလို့ ခုထိနှုတ်ပိတ်နေခဲ့တာမလား
ခုသားလေးက နိုင်ငံခြားမှာကျောင်းသွားတတ်တော့မယ်ပြောတော့ အစကကျွန်မက မလွှတ်ချင် နောက်တော့ သားဒီမှာနေနေရင် စိတ်မကောင်းဖစ်နေမှားဆိုးလို့ စိတ်သစ်လူသစ် ဘဝအသစ်နဲ့ ပြန်စတင်နိုင်အောင် ကျွန်မကရင်ကွဲခံပီး လွှတ်ရတော့မည်မလား
***** *************
ဟဲလို သော်ဇင် မင်းခုဘယ်မှာလဲ?.....
ဘာလဲ ထက်မြတ် ငါမအားဘူး မင်းလုပ်လို့ ငါ့မှာခုမှနေကောင်းပျောက်ခါစ မင်းနဲ့ရန်မဖစ်ချင်သေးဘူး နောက်မှတနေ့လောက် ချိန်းပီး ထိုးမယ်ကွာ ခုတော့ ဆေားရီးပဲ သားကြီး
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို