ကိုကို့ သား ဖုန်းမကိုင်ဘူးမလားအင်း အလုပ်ရှုပ်နေလို့နေမှာပါကွာ အဲ့လောက်ထိမစိုးရိမ်နေနဲ့
သူ ကြေးမုံကိုပြောသွားတယ် အိမ်ပြန်မလာဘူး အပြင်မှာအိပ်မှာလို့ မစိုးရိမ်ဘဲနေရမလား အပြင်မှာအိပ်မဲ့သားက်ိုလေ
ကောင်းတာပေါ့
ဘာကောင်းတာလဲ အပြင်မှာအိပ်တာ ဘယ်လောက်အန္တရာယ်များလိုက်သလဲ ကိုယ့်အိမ်လောက် ဘယ်နေရာမှမလုံခြုံဘူးဆိုတာ ကိုကိုမသိတာလား ဒီရက်ပိုင်းတွေ့နေရတဲ့ သတင်းတွေက လူသတ်မှုတွေဆိုတာကြီးပဲ လုယက်မှု တွေကလည်း တပုံကြီး
ကိုကိုပြောတဲ့သဘောက ကိုကိုတို့မွေးထားတဲ့ သားယောက်ျား လေးပဲကွာ တခုခုဆိုသား က အဆိုးအကောင်းဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတယ် ဘာမှစိတ်မပူနဲ့ ဘယ်လိုတိုက်ခိုက်ရလည်းဆိုတာ ကိုကိုသင်ထားပေးတယ်
ကိုကိုစကားကြီးကလည်း ကြေးမုံမွေးထားတဲ့သားကိုစိတ်မပူဘဲနေမှာမလား ကြေးမုံက မိဘလေ မိဘ မဖြစ်ပါဘူး သူဖုန်းမကိုင်မချင်း ဖုန်းဆက်ပေး အိမ်မှာပဲလာပြန်အိပ်လို့ပြောပေး ကိုကို ကိုကိုလို့
အမှန်တိုင်းပြောရရင် သားအပြင်မှာအိပ်တာ ကိုကိုပျော်တယ် လူငယ်ပဲ သူငယ်ချင်းတွေနဲ့သောက်စားပျော်ပါးပြီး လွတ်လပ်မှုကို ခံစားစေချင်တာ ပျော်ရွှင်မှုတွေဖန်တီးစေချင်တာ အဲ့တာကြောင့် ကိုကိုကတော့ သားအပြင်မှာအိပ်တာ သဘောတူတယ်
ကိုကိုသဘောတူပေမဲ့ ကြေးမုံသဘောမတူဘူး ခုချက်ချင်း ဖုန်ဆက်ပေး သူမကိုင်မချင်းဖုန်းခေါ်ပေး
မင်းသားက ဖုန်းဆက်ပိတ်ထားတယ် ဘယ်လောက်ခေါ်ခေါ် ကိုင်မှာမဟုတ်ဘူး
အဲ့တာဆိုလည်း သူ့ သူငယ်ချင်းတွေကိုဖုန်းခေါ်ကြည့်
ဘာလုပ်ဖို့လဲ ကြေးမုံ ဒီလောက်ညနက်နေတာ
သူ့သူငယ်ချင်းတွေနဲ့ရှိနေမှာပေါ့ သူငယ်ချင်းတွေကိုပြောပြီး အိမ်ပြန်လာခိုင်းရမယ်လေ ကိုကိုကလည်း
မင်းဘဲ ဒီသူငယ်ချင်းတွေနဲ့ပေါင်းတာမကြိုက်ဘူးဆို မပေါင်းရဘူးဘာညာနဲ့ သားကို သောင်းကျန်းထားတာ မင်းမို့လို့ အရှက်မရှိ သား သူငယ်ချင်းတွေကို ဖုန်းခေါ်ခိုင်းတယ် သား သူငယ်ချင်းတွေကလေ မင်းအကြောင်းကိုသိနေကြပြီး မင်းက ဘယ်လိုအမေလည်းဆိုတာ
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို