မကြာမီ ကြေးမုံတို့ဆီသို့ ဆေးရုံကားလေး ဆိုက်ရောက်လာပါတော့သည်
ခုချိန်မှလာတော့ကော ကြေးမုံဘာလုပ်ရတော့မှာလဲ ကိုဇွဲက ပင်ပန်းလို့ အနားယူနေပီလေ သူအိပ်နေတာ ကြေးမုံနိုးလိုက်ရင် သူစိတ်မကောင်းဖစ်မှာပေါ့
ဒီကညီမ အကိုတို့လူနာကို သယ်မလို့ တချက်လောက် ဖယ်ပေးလို့ရမလားဗျ
ဟင့်အင်း ဖယ်ပေးလို့မရဘူး သူပင်ပန်းလို့ ခဏအိပ်နေတာ .....
လူနာက အသက်မရှိတော့ညီမ အဲ့တာကြောင့် အကိုတို့ လူနာ dead bodyကို ဆေးရုံသယ်သွားမှ ရမယ်ခင်ဗျ
ဘာလို့ခုမှ ဆေးရုံခေါ်သွားမှာလဲ ခေါ်နေတုန်းက ရှင်တို့မြန်မြန်ရောက်အောင်မလာလဲ ကျွန်မ ရှင်တို့လာမှာစောင့်နေတာ ခုမှလာပီးတော့ သူခန္ဓာကိုယ်ကို လာသယ်တာတဲ့လား
အဲ့တာဆိုလဲ ကျွန်တော်တို့ ညီမကိုအပြစ်ပြုမိပီး တောင်းပန်ပါတယ် ကျွန်တော်တို့တာဝန်အရမို့ပါ........
ငါ့ညီတို့ ဒီတိုင်းပဲရအောင် သယ်လိုက်ကြတော့ကွာ
မလုပ်နဲ့ သူ့ကြေးမုံ ပေါင်ပေါ်မှာ အနားယူနေတာ မနှောက်ယှက်ကြပါနဲ့ တောင်းပန်ပါတယ် အဟင့် အဟင့် ......
တောင်းပန်ပါတယ် သူ့ကိုမခေါ်သွားပါနဲ့ အဟင့် အဟင့်......
ကိုဇွဲရဲ့ အသက်မဲ့နေတဲ့ကိုယ်လေးကို သူတို့တွေ ကြေးမုံဆီကနေ အဝေးကို ဆွဲထုတ်သွားကြပါတော့သည်
ကြေးမုံကတော့ အခင်းဖစ်တဲ့နေရာကနေ ခုထိ ခြေထောက်တွေက ကားလမ်းပေါ်ကနေ မထနိုင်သေးပါ ထဖို့လဲအားမရှိတော့ပီမလား
လမ်းမပေါ်မှာ ကားတိုက်မှုဖစ်တဲ့အလျောက် လမ်းသွားလမ်းလာ လူတွေက အုံပီးရပ်ကြည့်နေကြသည် ကြေးမုံလဲ ဘာကိုမှ ဂရုမစိုက်မိ ကိုဇွဲခေါင်းချတဲ့နေရာမှာပဲ ကျောက်ရုပ်လို့ ငြိမ်သက်နေမိသည်မလား
ထိုစဥ် ဟေ့ ဒီကညီမက လူနာရှင်မလား အကိုတို့နဲ့ ဆေးရုံလိုက်ခဲ့လေ.....
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို