ep 50

1.3K 37 8
                                    


ကဲ ပါးပါး သွားတော့မယ်နော် သား ကျန်းမာရေးဂရုစိုက်အုံး တခုခုဆို ပါးပါးကိုချက်ချင်းဖုန်းဆက်နော် သားပြန်လာမဲ့အချိန်ကိုစောင့်နေမယ်

ဟုတ် ပါးပါး

ပါးပါးဆီလာပါအုံးကွာ

ဦးယံ ပါးပါးခေါ်တဲ့ဆီသွားတော့ ပါးပါးက လက်နှစ်ဖက်ကိုဖြန့်ကာ ရင်ခွင်ထဲလာဖို့ အပြုံးလေးနဲ့ခေါင်းညိတ်ပြသည် ဦးယံလည်း ချက်ချင်းဆိုသလို ပါးပါးရင်ခွင်ထဲပြေးဝင်လိုက်ပါတော့သည်

ပါးပါးက ပွေ့ဖတ်နေရင်းတန်းလန်း ဦးယံ နား နာကပ်ကာ ပါးပါး သားကို ချစ်တယ်နော် တဲ့ တိုးတိုးလေးကပ်ပြောသည် ချစ်တယ်ဆိုတဲ့စကားက နှစ်လုံးထဲဆိုပေမဲ့ အဲ့စကားရဲ့နောက်ကွယ်မှာ ရေတွက်လို့မရ ဖော်ပြလို့မရတဲ့ အဓိပ္ပာယ် များစွာပါဝင်နေတာ ဦးယံအသိမလား သားလည်း ပါးပါးကို အရမ်းချစ်တယ် လို့ပြောနေပေမဲ့ ဦးယံရဲ့ မျက်လုံးတွေကတော့ ဇိမ်ခံကားထဲမှာ ကျကျနနထိုင်နေတဲ့ မားမားဆီကိုသာ.... မနေ့က ဦးယံဆီလာပြီးထဲက မားမားကပြန်တော့မဲ့အချိန်ထိ ဦးယံဆီမလာသလို ဦးယံနေကောင်းသွားပြီလားဆိုတဲ့အကြောင်းလည်း မမေးတော့ဘူး ဦးယံကသာ ဘာတွေမျှော်လင့်နေမှန်းမသိ ငယ်ငယ်ထဲက မားမားဥပေက္ခာတွေနဲ့ရှင်သန်ခဲ့ရတဲ့သူဆိုပေမဲ့ ခုချိန်ထိ အဲ့အရာတွေနဲ့ကျင့်သားမရသေးပါလား မားမားကနောက်ဆုံးအချိန်ထိ ဦးယံကို မရှိတဲ့လူတစ်ယောက်လို့ ဥပေက္ခာပြု ထားပါလား ရပါတယ် ဒီအခြေနေတိုင်းကို သားကျေနပ်ပါတယ်မားမား သား မားမားကို ချစ်တယ်နော် လမ်းခရီးမှာဂရုစိုက်ပြီးပြန်ပါ မားမားလို့ ဦးယံစိတ်ထဲကနေ ရေရွတ် လိုက်ပါတော့သည်

ပါးပါး သွားတော့မယ် ဘိုင့်ဘိုင့် Take care

မားမားကို သား

ထားလိုက်သား သား မားမားကဒီလိုပဲ စိတ်ထဲမထားနေနဲ့ ပါးပါးမှာထားတာတွေ မမေ့နဲ့နော်

ကိုကို သွားကြရအောင် တော်ကြာ နောက်ကျနေလိမ့်မယ်


လာပြီး ကြေးမုံရေ လာပြီး

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now