၂၂နှစ်ကြာပီးနောက်......
ကြီးကြီးပုရေ......
သြော် ကြေးမုံ ဘာကိစ္စရှိလို့တုန်း မမိပုကိုခေါ်တာ
ခလေးတွေပြန်ရောက်ပီလား မေးမလို့
မရောက်သေးဘူး ဒီနေ့နည်းနည်းနောက်ကျမယ်ထင်တယ်.....
ဟိုဟာ ဟိုကောင်ဦးယံပြန်ရောက်ရင် ကြေးမုံအခန်းထဲလာဖို့ ပြောပေး.....
ဟုတ် ကြေးမုံ မမိပု ပြောလိုက်မယ်
အဲ့တာဆို ကြေးမုံအခန်းထဲစောင့်နေမယ်...
မိပုလဲ ကြေးမုံမီးဖိုချောင်းက ထွက်သွားတော့မှ သက်ပြင်းချနိုင်တော့သည်
ဟူး သားလေးကိုဘာတွေဆူအုံးမလဲမသိဘူး သားလေးအစားရင်မောလိုက်တာ မိဘနဲ့သားသမီးဆိုတော့ မိပုလိုအပြင်လူက ဘာမှဝင်ပြောလို့လဲမရ ကြေးမုံကလဲ သားလေးကို ငယ်ငယ်ထဲကအမြင်စောင်းနေတာမလား.....
အတွေးတောင်မဆုံးသေး .....
ကြီးကြီးပု ဘာတွေချက်နေလဲဆိုပီး နောက်ကနေခါးကိုဖတ်ပီး ပခုံးပေါ်ခေါင်းလေးတင်လာတဲ့ ကောင်လေးကြောင့် မိပုပြုံးလိုက်မိသည်....ဘာကြောင့်ဆို ဒီကလေးက ငယ်ငယ်ထဲက မိပုလက်ပေါ်မှာပဲ ကြီးပြင်လာရတာမလား.....
ဦးယံ ပြန်လာပီလား သား
ဟုတ် ကြီးကြီးပု ဒီနေ့ရှုတင်စောစောပီးလို့....
အေကွယ် ဦးယံ ညီမလေးနဲ့ညီလေးတောင် ခုထိပြန်မရောက်ကြသေးဘူး
ပါးပါးကော ပြန်ရောက်ပီလား
မရောက်သေးဘူး
ဒါဆို မားမားကောဘယ်မှာလဲ ဧည့်ခန်းထဲမှာ မတွေ့မိဘူး .....
မင်း မားမားက အပေါ်ကသူ့အခန်းထဲမှာရှိနေတယ်
မားမားဆိုမှ ပြောရအုံးမယ် ဦးယံ မားမားက ဦးယံပြန်လာရင် အခန်းထဲလာခဲ့ဖို့ ကြီးကြီးပုကို ပြောခိုင်းထားတယ်....
ဟုတ် အဲ့တာဆို သား မားမားဆီခုပဲ သွားလိုက်မယ်
အေ အေ ဦးယံ သား မားမား ဘာပြောပြော သီးခံနော် သူက သားရဲ့အမေနော် ကြားလား သား ...
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို