ep-68

2.3K 44 24
                                    


ဦးယံ အိမ်ပြန်ရောက်လာတော့ ပါးပါးမျက်နှာမကောင်းတာကို အလိုအလျောက် မပြောဘဲနှင့် သိခဲ့တယ် သေချာတာတော့ သူ့အတွက်ကြောင့်နှင့် လင်းမယားတွေ စကားများကြပြန်ပြီးထင်တယ်

ကျွန်တော်ရဲ့တည်ရှိမှုက တဖြည်းဖြည်းတောက်လောင်နေတဲ့ ဖွဲ့မီးနှင့်တူတယ်ဆိုရမယ် ဘာလို့ဆို ကျွန်တော်အနီးအနားက သက်ရှိသက်မဲ့ အရာဝတ္ထု မှန်သမျှကို တစ်ခဏအတွင်း လောင်ကျွမ်းသွားစေလို့ ဒါဟာ ကျွန်တော်ရဲ့ဖြစ်တည်မှု

ဦးယံ အခန်းထဲမှာ ဖေ့ဘွတ်သုံးနေရင်း အပြင်ဘက်ကနေ တစ်ယောက်ယောက်က အခန်းတံခါးကို လာခေါက်သည်

ချက်ချင်းဆိုသလို အခန်းတံခါးဆီသို့ အပြေးသွားဖွင့်ခဲ့သည်

ဟီး ဦးယံ ချီချီ ဗိုက်ဆာလို့ လမ်းထိပ်မှာ မုန့်သွားဝယ်မလို့ အဲ့တာ ဦးယံကို အဖော်လာခေါ်တာ

အင်း သွားမယ်လေ ခဏနော် ကိုကို ပိုက်ဆံအိပ်ယူလိုက်အုံးမယ်

အင်း

ဒါနဲ့ ငယ်လေးနဲ့ မုန်းကော မလိုက်ဘူးလား

သူတို့က အောက်ထပ်မှာစောင့်နေတယ် ချီချီက ဦးယံကို လာတတ်ခေါ်တာ

အောက်ထပ်ရောက်တော့ ငယ်လေးနဲ့မုန်းက ဦးယံတို့ရှိရာ လျှောက်လာခဲ့ပြီး လေးယောက်သား မုန့်ဆိုင်ဆီသို့ ချီတတ်ခဲ့ကြပါတော့သည်

ဦးယံ ခဏနေအုံး ချီချီ ကိုကို ကို့ သွားခေါ်လိုက်အုံးမယ် ခဏနော် ဆိုပြီး ဦးယံတို့ကို ပြုံးပြကာ အိမ်ထဲသို့ ဝင်ပြေးသွားသော သူမ

ခဏကြာတော့ သူမရဲ့ ကိုကိုဆိုတဲ့ ဘုန်းရှိန်ဝါက သူမဆွဲခေါ်ရာ မယောင်မလည် နဲ့ ပါလာတော့သည်

ဘယ်သွားမလို့လဲ ဦးယံ

ချီချီကိုမေးကြည့်လေ ငါကိုလည်းသူခေါ်လာတာ

ငယ်လေးနဲ့မုန်းကိုကြည့်တော့လည်း အကြည့်လေးနဲ့ ချီချီခေါ်လာတာလို့ ရည်ညွှန်း နေသည်

နောက်ဆုံးဘူတာကို ရထားဆိုက်ရောက်သလို

ညမိုးချုပ်နေပြီး ကလေးက ဘယ်သွားမလို့လဲ

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now