ep-9

3.9K 87 0
                                    

ဆေးရုံ၌ မေမေ 'သမီးတောင်းပန်ပါတယ်...."

ဘာလို့လဲ သမီး? မေမေ့ကိုတောင်းပန်စကားဆိုနေတာ သမီးကဘာမှားထားလို့လဲ.....

သမီးဒီလိုလုပ်ရက်မျိုးလုပ်ပီး ဖေဖေနဲ့မေမေ့ကို စိတ်ဒုက္ခပေးမိလို့ပါ ...... မြကြေးမုံ အသံတချက်တိမ်ဝင်သွားပီးရှိုက်သံနဲ့အတူ 'သမီးတကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်....မေမေ"

မပြောပါနဲ့သမီးရယ် အဲ့စကားကို အမှန်တကယ်ပြောရမှာ မေမေကိုယ်တိုင်သာလျှင် .....

မငိုပါနဲ့သမီးရယ် ......သမီးအမှားမဟုတ်ပါဘူး မေမေမှားတာ သမီးလေးကိုစောင့်ရှောက်ရမှာ သမီးဘေးနားမေမေရှိနေပေးသင့်တာကို မေမေက မေမေက သမီးကိုတယောက်ထဲထားခဲ့မိတယ် သမီးလေးအားငယ်နေမယ်ဆိုတာ မသိလောက်အောင်မေမေကမှားခဲ့တာ အဲ့တာကြောင့် တောင်းပန်စကားကိုမေမေဘက်ကပြောရမှာ မေမေ့ကိုခွင့်လွှတ်ပါသမီးရယ် .......

မငိုပါနဲ့မေမေရယ် သမီးကြောင့်နဲ့ မေမေ့မျက်ရည်တွေမြင်ရတာ သမီးကိုသမီး အပြစ်ပိုရှိသလိုခံစားရလိုပါ ........

မငိုပါနဲ့တော့နော်မေမေ ....

သမီးလေးကအဲ့လိုထင်နေတယ်ဆိုရင် မေမေ မေမေမငိုတော့ဘူးနော် မေမေခုပဲမျက်ရည်တွေသုတ်လိုက်ပီး ... မေမေ့မျက်နှာမှာမျက်ရည်တွေမရှိတော့ဘူး မေ့မေ့ကိုကြည့် .....

မေမေကမငိုတော့ဘူးဆိုတော့ သမီးလဲ မေမေ့ကိုကတိပေး တခုပေး နောက်တခါဒီလိုမျိုးထပ်မလုပ်တော့ပါဘူးလို့ ပီးတော့သမီးလေးလဲ မငိုနဲ့တော့ တိတ်တော့နော် ကျန်းမာရေးအတွက်မကောင်းဘူး .....

ဟုတ်မေမေ

ဘယ်လိုလဲ မေမေ့ကိုကတိပေးနိုင်လား?

မြကြေးမုံတယောက် သူမခေါင်းလေးကိုအသာလေးညှိတ်ပြလိုက်သည်
........
မေမေ့သမီးလေးက လိမ်မာလိုက်တာ နောက်တကြိမ်ဆို မေမေရင်ကွဲပီးသေရလိမ့်မယ် သမီးလေးရယ်......

မေမေတို့မှာ သမီးလေးတယောက်ပဲရှိတာ မေမေကအသက်ကြီးနေပီးနောက်ခလေးလဲ ထပ်ယူလို့မရတော့ဘူး သမီးအပြင်လဲမေမေ့ထပ်မလိုချင်ဘူး အဲ့တာကြောင့် မေမေတို့ကိုထားမသွားပါနဲ့ သမီးရယ် .....

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now