ကလင်း ကလင်း .....
ဟဲလို အမိန့်ရှိပါ မိပုပြောနေပါတယ်"အေ မိပု ငါနင်တို့မမကြီးပြောနေတာ"
ဟုတ်ကဲ့ ပြောပါ မမကြီး
ဒီရက်ပိုင်းအိမ်ပြန်လာလို့မရသေးဘူး ဆေးရုံမှာနောက်ထပ် ၃ရက်လောက်နေရအုံးမယ် အကယ်၍ ကြေးမုံဆီ သူငယ်ချင်းတွေ ဆက်သွယ်လာခဲ့ရင် ကြေးမုံခရီးထွက်နေတယ်လို့ပြောထားပေး ဘယ်ချိန်ပြန်ရောက်မလဲမေးရင် မသိဘူးလို့သာပြောလိုက် ကြားလား မိအေး
ဟုတ်ကဲ့မမကြီး မိအေးနားလည်ပါတယ်
အော် နေအုံး မိပု အိမ်တံခါးနဲ့ခြံကို သေချာစစ်ပီးမှအိပ်နော် တခုခုဆိုအော်ပီး ပြေးသာပြေး ပီးတော့ မနက်ကျရင် နင်တို့ကိုကြီးဒရိုင်ဘာ အိမ်လာလိမ့်မယ် ပစ္စည်းယူခိုင်းထားလို့ ငါ့အဝတ်အစားအချို့နဲ့ကြေးမုံဟာလေးတွေသေသေချာချာလေးထည့်ပေးလိုက်နော် နင်တို့ကိုကြီးအတွက် ထမင်းမချက်နေနဲ့တော့ သူအပြင်မှာဝယ်စားလိမ့်မယ် ရေချိုးချိန်လောက်ပဲ အိမ်ပြန်လာမှာဆိုတော့ အေ အေ ဒါပဲ မိပုရေ
ဟုတ်ကဲ့ မမကြီး
ကလင်း ကလင်း ကလင်း ....
အယ်မလေး ဗုဒ္ဓေါ လန့်တာ ခုပဲဖုန်းချပီးတယ် ဘာတွေထပ်မှာဖို့ ကျန်သေးလဲမသိဟုတ်ကဲ့မမကြီး ပြောပါ မိပုနားထောင်နေပါတယ်
ဟဲလို မမိပု ကျွန်တော် ထက်မြတ်ပါ
အော် ဟုတ်အကိုလေး ဘာကိစ္စရှိလို့လဲ
ဒီနေ့ ကြေးမုံကျောင်းမလာလို့ နေမကောင်းဖစ်နေလား စိတ်ပူပီး ဖုန်းဆက်လိုက်တာပါ
မဟုတ်ဘူး အကိုလေး ကြေးမုံတို့မိသားစုလိုက် ခရီးထွက်သွားတာပါ
အော် ကျွန်တော်ကိုလဲ ဘာမှအသိမပေးသွားလို့ သူတခုခုဖစ်နေတယ်ထင်တာ
ဟုတယ် အရေးကြီးကိစ္စပေါ်လာလို့ မိသားစုတွေချက်ချင်းသွားလိုက်တာ
ဘယ်ချိန်ပြန်လာမလဲဆိုတာကော မမိပုကိုပြောသွားသေးလား ကျွန်တော်ဖုန်းခေါ်တာကြေးမုံမကိုင်လို့
အဲ့တာတော့ မမိပုကို မပြောသွားဘူး
အော်ကျေးဇူးပါ တကယ်လို့ ကြေးမုံပြန်လာရင် ကျွန်တော်ဖုန်းဆက်တယ်လို့ ပြောပေးပါ
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို