ep 48

1.2K 41 14
                                    


ကိုသားကြီး ဘာပြောသေးလဲ

ဦးယံ ပါးပါးနဲ့မားမား ချောင်းသာကို လာနေပြီး ခုလမ်းမှာတဲ့

တကယ်ကြီးလား မားမားကောပါတယ်တဲ့လား

မြကြေးမုံပါ ပါလာတယ်ဆိုတော့ သံသာထူး သူတို့နှစ်ယောက်ပြောနေတာကို အာရုံစိုက်မိသည်

ဟုတ်တယ် ဦးယံ ပါးပါးက သူ့သားကိုအချစ်ဆုံးလေ ခု ဦးယံ ဒီလိုဖြစ်တော့ သူဘယ်စိတ်ကောင်းမလဲ သတင်းကြားကြားချင်း ဖုန်းဆက်တာ ငါမကိုင်အားလို့ စိုးရိမ်ပြီး လာလိုက်နေကြပြီး

ဦးယံက ခုထိသတိမှမရသေးတာ ဘယ်လိုလုပ်မလဲ ပြီးတော့ သူ့မားမားပါ လာတယ်ဆိုတော့ ဒေစီ အမှန်တိုင်းပြောရရင် အနည်းငယ် ရင်ခုန်နေတယ်

ဘယ်လိုလုပ်ရမလဲ ဒီတိုင်းချီပြီး အခန်းပြန်ရမှာပေါ့ ဒီက အမတို့သားအမိ နည်းနည်းပါးပါး အားနာပါအုံး... အလိုက်ကမ်းဆိုးသိ မပြောချင်ဘူး ပြီးတော့ ဦးယံ မားမားကို ကြောက်နေတာမလား

ကိုသားကြီး ရှင်နော် ဒေစီက ဘာလို့ကြောက်ရမှာလဲ မတွေ့ဘူးလို့ ရင်တုန်မိတာလေးကို

အပြောနဲ့အလုပ်ထပ်တူညီပါစေလို့ ဆုတောင်းပေးပါတယ်

ပေးတဲ့ဆုနဲ့ပြည့်ပါစေ

ကယ် တော်တော့ ဒီလိုနဲ့ပဲ နှစ်ယောက်သားရန်ဖြစ်ကြတော့မယ် ဒါနဲ့ ကိုသားကြီး တယောက်ထဲ ချီနိုင်လို့လား ဒါမှမဟုတ် Alexကိုပါ ကူခိုင်းလိုက်မယ်လေ

ရတယ် အမ ရတယ် ဦးယံ ကိုယ်လုံးက ပေါ့ပေါ့လေ မှောင်စီတောင်ချီနိုင်တယ် ဟုတ်တယ်မလား မှောင်စီ

တွဲပြတ် နင်စလာပြန်ပြီးလား

အမတို့သားအမိ အဖော်မရှိလို့ ပျင်းနေတာ ဒီက ကိုသားကြီးနဲ့ဒေစီတို့နဲ့တွေ့မှ မရိုးရဘူး အမ တကယ် တကယ် သဘောတွေကျလိုက်တာ

ဒါနဲ့ တွဲပြတ်ဆိုတာက ဘာကိုပြောတာလဲ မာမီ သားနားမလည်ဘူး

နင် ဂိမ်းဆော့နေတာမဟုတ်ဘူးလား ဘယ်ကနေ ဘယ်လို ပါလာပြန်တာလဲ

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now