ငယ်လေး လာ ဒီပေါ်မှာလာအိပ် ငါနင့်ကို skin care ပေးမယ်နေအုံး နေအုံး အရင်ဆုံးမျက်နှာသွားသစ်လိုက်
အလုပ်ကိုရှုပ်နေကောပဲ
ဘာပြောလိုက်တယ်
ခုပဲ မျက်နှာသစ်နေပြီးလို့ပြောတာ
ဦးယံကလေ တကယ့်ကိုချစ်မွှေးကြီး ချီချီဝယ်ချင်တယ်လို့ မတော်တဆ ပြောမိလိုက်တာ ချက်ချင်းမှတ်ထားပြီး ဝယ်ခဲ့ပေးတယ် ဒီလို အလိုက်တသိဝယ်ပေးနေတာကိုပဲ ချီချီကြည်နူးနေရတာမလား ဦးယံလို အကိုကြီးရှိတာ ချီချီကံကောင်းချက်ပဲ ဟီးးးး
မျက်နှာသစ်ပြီးပြီး ဘာဆက်လုပ်ရမလဲ
လာ ဒီပေါ်မှာလာအိပ်
ကဲ ဆံပင်တွေကရှည်တော့ ဟော့ဒီ ယုန်ခေါင်းပတ်လေးနဲ့ သိမ်းထားလိုက်မယ် ပြီးတော့ maskကိုဖောက်မယ် ကဲ ရော့.....၁၅မိနစ်ကပ်ထားရမယ် ပြီးရင်ခွာလို့ရပြီး
ငါ့မောင်လေးက ငါနဲ့တူလို့ ချစ်စရာလေး ချစ်လိုက်တာ
Mask ကပ်ပြီးရင် Toner လိမ်းပေးအုံးနော်
ငါသိပါတယ် ဆရာမလုပ်ပါနဲ့ ရှည်ကိုရှည်တယ် ပြီးရင်လုပ်ပေးမဲ့ဟာကို ခုနက ချစ်ဖို့ကောင်းတယ်လို့ပြောတာကို ငါပြန်ရုတ်သိမ်းတယ်
ဦးယံ မတတ်လာသေးဘူး မသိဘူး ကြာလိုက်တာ ပြီးရင် ဦးယံကို skin careပေးမို့ဟာ ချောင်းသာကပြန်လာတော့ အသားရေကိုပြန်ထိန်းသိမ်းပေးမှဖြစ်မယ်
ထိုစဥ် ချလောက်....
ဦးယံ အခန်းကိုပြန်လာတော့ ချီချီနဲ့ငယ်လေးကရှိနေသေးသည် အဲ့တာကြောင့် ဦးယံ သူ့ရဲ့ပျက်ယွင်းနေတဲ့မျက်နှာချောချောကို ဖုံးကွယ်ရန် အပြုံးမျက်နှာဖုံးလေး တပ်ဆင်လိုက်သည်
ဟာ ဦးယံ ပြန်လာပြီး ဦးယံရယ် ကြာလိုက်တာ ချီချီစောင့်နေတာ ဦးယံကို
ဒါနဲ့ ဦးယံလက် ဘာဖြစ်တာလဲ သွေးတွေထွက်နေတာ မနာဘူးလား
ချီချီ ပြောလိုက်တော့ ငယ်လေးက အိပ်နေရာကနေ ထထိုင်လာသည်
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို