ep-65

1.7K 44 26
                                    

ဟုတ်လား အဲ့တာကြောင့် နင်ပျော်နေတာပေါ့လေ ကောင်မစုတ်

ဒါပေါ့ ဒီတစ်ပတ်ပိတ်ရက် သူနဲ့ movie date သွားဖို့ချိန်းထားတယ်

အဲ့တာကြောင့် beauty salon သွားပြီး အသားရေးသွားထိန်းသိမ်းမလို့ နင်ပါလိုက်ခဲ့ရမှာနော် အိမ်စည်မ

နင်ချိန်းတွေ့တဲ့ဆီကိုကော အဖော်လိုက်ခဲ့ပေးရအုံးမလား

မလိုပါဘူးနော် ကလေးမှမဟုတ်‌ေတာ့တာ ရည်းစားနဲ့အတူ နှစ်ယောက်တည်း အချိန်ကုန်ဆုံးချင်လို့ပါဆိုတာ နင်က ဘာလိုက်လုပ်မှာလဲ ကြားထဲကနေ သရေလိုက်ကျမလို့လား

ငါကလည်း နင်ခြေထောက်ဖတ်ပြီး တောင်းပန်ရင်တောင် မလိုက်ပါဘူးနော် ခွေးစာတွေမစားချင်ဘူး ငါလည်း ငါအစီအစဥ်နဲ့ငါရှိတယ်

ချီချီမ ဒီတစ်ယောက်နဲ့ကော ဘယ်တော့ပြတ်မှာလဲ

ဟယ် ကောင်မ မေးရက်တာ ဘယ်တော့ပြတ်မှာလဲတဲ့ တွဲတာမှ ဒီနေ့နဲ့ဆို နှစ်ရက်ပဲရှိသေးတာကို

နင့်အကြောင်းသိလို့မေးနေတာလေ နင့်ရဲ့တွဲပြတ်ကြီးဆိုတဲ့ ဂုဏ်ပုဒ် က အလကားရလာတာလ်ို့ထင်နေလား နင့်အကြောင်းနင်သိပေါ့

ငါလည်း ဘယ်ဘဝက ဝဋ်ကြွေးလည်းမသိဘူး ရုပ်ရည်ကော စည်းစိမ် ဥစ္စာ အပေါင်းအသင်း အသိုင်းအဝိုင်း ဒီလောက်ပြည့်စုံနေတဲ့ဟာ အချစ်ရေးကျမှ ကျွန်းခံနေတယ်

ဒါနဲ့နေစမ်းပါအုံး နင့်လူကြီး ဘယ်ပျောက်နေတာလဲ

ကိုကိုလား နယ်ဘက်ကို အလုပ်ကိစ္စ နဲ့ ခရီးထွက်နေတယ်

အော် အဲ့တာကြောင့် နင့်ကိုလာကြိုတာမတွေ့တာကို

နင်ပြောမှပဲ သတိရသွားပြီး ခုချိန် ငါ့မျက်စိရှေ့ကို ဖျောက်ခနဲ ပေါ်လာရင် သိပ်ကောင်းမှာပဲ သူပြန်ရောက်လာတာနဲ့ သူ့ဆံပင်မွှေးတွေက်ို တမွှေးမှမကျန်အောင် အားရပါးရ ဆွဲနှုတ်ပြစ်မယ် ငါ့ကို ပြစ်ထားလို့ ဟွန့်

ကိုဘုန်းရှိန်ဝါ ပြန်လာရဲပြန်လာကြည့် ချီချီအကြောင်း ကောင်းကောင်းသိစေရမယ်

ဒီက တိမ်ပန်းချီ ခဏလောက် စကားပြောလို့ရမလား

ချီချီ အနောက်ဘက်ကနေ အသံလာရာဆီသို့

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now