ep-30

3K 58 14
                                    

သံသာ ဒယ်ဒီကိုပြော ခုနကကြေးမုံပြောသွားတဲ့စကားရဲ့ ဆိုလိုရင်းကို

အဟင့် အဟင့်.....

မငိုနေနဲ့ တိတ်တော့ ကြေးမုံပြောတဲ့ နင်မာမီနဲ့ အကို ကိုသတ်တာ သမီးဖစ်တယ်ဆိုတာ ဘာအဓိပ္ပါယ်နဲ့ ကြေးမုံကအဲ့လိုပြောရတာလဲ

ပီးတော့ သမီးကကူညီလို့ရရဲ့သားနဲ့ မကူညီပဲရပ်ကြည့်နေတယ်ဆိုတာကော

ခုချက်ချင်း ဒယ်ဒီကိုသေချာနားလည်အောင်းရှင်းပြ

ထက်မြတ် သားသူငယ်ချင်းကို အိမ်ထဲဆွဲခေါ်လာခဲ့

ဟို ဒီကမိတ်ဆွေတို့ကို ကျွန်တော်အားနားပါတယ်ဗျာ အိမ်မှာကိစ္စလေးပေါ်လာလို့ အဲ့တာ ကျွန်တော်ဘယ်လိုပြောရမလဲ မသိတော့ပါဘူးဗျာ

အား ရတယ် ကိုအောင်ထူး ကျွန်တော်တို့တွေလဲ အလုပ်ရှိသေးလို့ ခုပဲပြန်ကြတော့မလို့

အဲ့တာဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါအုံး

ခုလိုလာပီးသတင်းမေးတာကိုပဲ ကျေးဇူးလဲတင်သလို ကိစ္စလေးပေါ်လာတဲ့အတွက် အားလဲနာပါတယ်ဗျာ

ရပါတယ်ဗျာ အချင်းချင်းတွေပဲ

ကဲသွားပီးနော် ကိုအောင်ထူး

ဟုတ်ကဲ့ ဗျာ

ဧည်သည်တွေ အားလုံးပြန်သွားတော့မှ သံသာ နဲ့ထက်မြတ် လာ ဒီဆိုဖာမှာလာထိုင်ကြ

ကဲ သမီးပြော ကြေးမုံနဲ့သမီး ကြားမှာဘာတွေဖစ်ခဲ့လဲဆိုတာ

တခုကြိုပြောမယ်နော် ဒယ်ဒီက သားနဲ့သမီးကို အရမ်းချစ်တယ် ဒါပေမဲ့ လိမ်တာညာတာတော့ ဒယ်ဒီမကြိုက်ဘူးနော် သံသာ

သံသာလဲ မပြောလို့မဖစ်တော့တဲ့အဆုံး အဲ့နေ့ညက ဖြစ်ခဲ့တာတွေကို မချွင်းမချန်အကုန် ပြောပြလိုက်ပါတော့သည်

အမယ်လေး သေလိုက်ပါတော့လား အောင်ထူးရယ် လို့ပြောပီး ဒယ်ဒီက သူ့နဖူးကိုသူလက်နဲ့ရိုတ်နေတော့သည်

အဲ့အချိန် သံသာက သူ့ဒယ်ဒီခြေထောက်ကို ကိုင်ပီး ဒယ်ဒီ သံသာ မှားသွားပါတယ် သံသာ မှားသွားပါတယ်လို့ အဟင့် အဟင့်.......

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now