ep-42

1.5K 45 24
                                    


ဒီး ဒီး ဒီး muteလုပ်ထားတဲ့ဖုန်းဆီကနေ နိုးစက်ကလေး စတင်ကခုန်လာခဲ့သည်

ဦးယံ နာရီကိုကြည့်လိုက်တော့ မနက်အစောပိုင်း ‌ေလးနာရီအချိန်ကို ညွှန်ပြလေပြီး....

သူ့ကို ဘေးတဖတ်ဆီကနေ ဖတ်အိပ်နေတဲ့ သူချစ်မြတ်နိုးရတဲ့ အငယ်နှစ်ကောင်ရဲ့ နူးညံ့သော လက်နှစ်ဖတ်ကို အသာမယူကာ ဖွဖွလေး ဘေးသို့ချကာ ဦးယံ တစ်ယောက် အလယ်ကနေ ထလိုက်ပါတော့သည် အိမ်မက်ကမ္ဘာထဲမှာ သာယာနေတဲ့ ချီချီနဲ့ငယ်လေးရဲ့ နဖူးပြင်ကို ဖွဖွလေးနမ်းကာ ဦးယံ ဆိုလိုက်သည်မှာ ကိုကို သွားတော့မယ်နော် ပြန်လာရင် မုန့်တွေအများကြီးဝယ်ခဲ့ပေးမယ် ပီးတော့ ကိုကိုက ငယ်လေးတို့ကို အရမ်းချစ်တယ်ဆိုတာ မှတ်ထားနော် ဟုဆိုကာ အိပ်ယာပေါ်ကနေ ဆင်းလိုက်ပါတော့သည်

ဦးယံလည်း အိပ်ယာမှထကာ ရေချိုးခန်းထဲဝင်ပီး တနေ့တာရဲ့ မဖြစ်မနေလုပ်ရမဲ့ခန္ဓာကိုယ်ဆေးကြောသန့်စင်ခြင်းကို စတင်လိုက်ပါတော့သည်

နာရီဝက်မှကြာပီနောက် ဦးယံ ဆေးကြောသန့်စင်ခြင်းပြီးဆုံးကာ အဝတ်ခန်းထဲဝင်ပီး အကျီရွေးခြင်းအလုပ်ကိုလုပ်ကာ သူဝတ်ဆင်လိုက်သည်မှာ သူရဲ့အကြိုက်ဆုံးအရောင် အမဲရောင်ဟူဒီလေးဖစ်ပါတော့သည်

ဦးယံ တကိုယ်ရေးသန့်ရှင်းမှု အကုန်ပြီးဆီးတော့ လိုအပ်တဲ့ပစ္စည်းများကိုယူကာ အခန်းပြင်သို့ထွက်လိုက်ပါတော့သည် သူ့ရဲ့ခြေလှမ်းများ ဦးတည်ရာနေရာကတော့ ပါးပါးနဲ့မားမားရဲ့ အိပ်ခန်းဆီဖြစ်ပါတော့သည်

အခန်းရှေ့ရောက်တော့ သူသယ်ဆောင်လာတဲ့အရာများကို ကြမ်းပြင်ပေါ်ဖွဖွလေးချကာ သူကိုယ်တိုင်လည်း ကြမ်းပြင်ပေါ်စောင့်ကြောင့်ထိုင်ပီး ပါးပါးနဲ့မားမားကို စိတ်ထဲကနေ ဦးချလိုက်ပါတော့သည်

အောက်ထပ်ကိုဆင်းမယ်အလုပ် မီးလင်းနေတာကို တွေ့လိုက်ရတော့ ဦးယံ မျက်နှာပြင်ထက် အပြုံးပန်းတစ်ပွင့်ကို ဆင်မြန်းလိုက်ပါတော့သည် ဤသည်မှာ သူရဲ့ ဒုတိယမိခင်လို့ခေါ်ဆိုထိုက်သည် ကြီးပုကြောင့်မလား......

ဦးယံ အောက်ထပ်သို့ ဖြေးဖြေးချင်းဆင်းလာကာ ကြီးပုရှိတဲ့ မီးဖိုချောင်းအခန်းထဲသို့ ဦးတည်လိုက်ပါတော့သည်

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now