ep-43

1.2K 38 9
                                    


ငယ်လေး နင်မနက်က

အား!!!

လန့်တာ မမရယ် အခန်းထဲဝင်လာတာ အသံလေး ပေးပါလား....

ငါမေးတာပဲဖြေ နင်မနက်က ကျောင်းမှာပြောတဲ့ ကိစ္စ တကယ်ကြီးလား

ဘယ်ကိစ္စလည်း....

ငယ်လေး နင်အခုမှ မသိချင်ယောင်မဆောင်နဲ့နော် ငါ နင့်နဲ့ရန်မဖြစ်ချင်ဘူး

လာပါ မမရယ် ငယ်လေး အိပ်ယာပေါ်မှာထိုင်ပြီးပြောကြမယ်ဟုဆိုကာ မမလက်ကို ဆွဲပီး ထိုင်စေလိုက်သည်

သေချာနားထောင်နော် မမ ငယ်လေးပြောမဲ့ဟာကို ပါးပါးနဲ့မားမားကို ပြန်မပြောဘူးလို့ ကတိပေး....

ပေးတယ်ဟာ ပြောစရာရှိတာ မြန်မြန်ပြော ငါ့အကြောင်းသိတယ်မလား

ငယ်လေး မမတို့ရဲ့ ဆရာကို တကယ်သဘောကျတာ မဟုတ်ဘူး ငယ်လေး မောင့် ကို မြင်မြင်ချင်း ချစ်မိသွားတာ...

ဖျတ် ဖျတ် ဖျတ် ....အား နာတယ်လို့ ဘာလို့ ငယ်လေးကို ရိုတ်တာလဲ ပြောပြဆိုလို့ပြောပြတဲ့ဟာ....

နင် ကြိုက်စရာလူရှားလို့လား ကိုရွှေမိုးသည်း ဘာလို့ ငါ့ဆရာကိုလဲ ပြီးတော့ အသက်ကလည်း အများကြီးကွာတာကို....

မမ ဆရာဖြစ်ပြီး အသက်ကွာတာနဲ့ပဲ ငယ်လေးက မချစ်ရတော့ဘူးလား မောင့် ကိုကြိုက်တာမဟုတ်ဘူး ချစ်တာ ချစ်တာ လို့ အဲ့တာကြောင့် မမက ငယ်လေးကို ကူညီပေးပါနော်....

အားအားယားယား ကူညီစရာလား မကူညီနိုင်ဘူး ....ဟင်အင်း ဟင်အင်း....

မမ...မမ...မမနော်လို့...

မမ မကူညီရင် မမရည်းစားနဲ့ချိန်းတွေ့တဲ့ခါ ငယ်လေး မလိုက်ပေးတော့ဘူး ပြီးတော့ ဦးယံနဲ့ကိုကို ကိုပြောပြလိုက်မယ် မမက ကျောင်းမှာ ဘယ်လောက်ရည်းစားရှုပ်တာ တလကို တစ်ယောက် တွဲတာလို့ ပြောပြလိုက်မယ်.....အဲ့ခါကြ

Ok ကောင်ပြီး ငါကူညီမယ် .....ဒါပေမဲ့ ငါကဘယ်လိုကူညီရမှာလဲ ဆရာနဲ့ခင်တဲ့ထဲမပါဘူး....ပြီးတော့ ဆရာ့ကို ကြောက်တယ်

မခက်ပါဘူး မမရဲ့ ဒီလိုမျိုးကွာ သူဘယ်နှရက် မမတို့ကျောင်းမှာလာသင်လဲ ပြီးတော့ ဘယ်ဆေးရုံမှာ အလုပ်လုပ်တာလဲ သူဘာတွေကြိုက်တတ်လဲ ဘယ်ချိန်အိမ်ပြန်လဲ အဲ့လို ကိစ္စသေးသေးလေးတွေပါ.....

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now