ep-11

3.7K 91 4
                                    

သံသာ 'ကိုကိုမေးနေတာကြားလား?....အဲနေ့က အိမ်ကိုကြေးမုံရောက်လာသေးလား......"

မလာပါဘူး သူကညဘက်ကြီးအိမ်ကိုဘာလို့လာမှာလဲ မလာဘူးကိုကို.....

သံသာ ဘာလို့နင့်မျက်နှာက သူခိုးလူမိတဲ့ပုံပေါက်နေတာလဲ? နင်မျက်နှာပျက်နေတယ် သံသာ ငါ့ကိုမလိမ်နဲ့ ငါကနင့်အကိုနော် ကိုညီမမျက်နှာကိုအကဲမခပ်တတ်တဲ့ကောင်မဟုတ်ဘူး နင့်မျက်နှာကိုကြည့်တာနဲ့ နင်လိမ်ပြောနေမှန်းငါသိတယ်.....

" သံသာ မမှတ်မိတော့ဘူးသူလာခဲ့လားမလာခဲ့ဘူးလားဆိုတာ "

သေချာလားနင်မမှတ်မိတာ ပြောတော့ သံသာမှတ်ညဏ်ကကောင်းတယ်ဆို ခုကြတော့မမှတ်မိတော့ဘူးတဲ့လား နင် နင် နင် ဟာ....

ဒီနေ့ ကြေးမုံကျောင်းတတ်လား

ကိုကိုကမေးပီးဘာလုပ်မလို့လဲ

အကြောင်းရှိလို့မေးတာပေါ့

ဘယ်လို့လဲ သူကျောင်းလာတတ်လား

ဒီနေ့မလာဘူး ခွင့်မတိုင်တော့ဘာဖစ်လဲဆိုတာ သံသာမသိဘူး အာ့ကြောင့်ထပ်မမေးနဲ့တော့

နင်နဲ့သူက အချစ်ဆုံးသူငယ်ချင်းတွေဆို သူဘာဖစ်လို့ကျောင်းမလာလဲနင်မသိဘူးလား

' ဘယ်လိုလုပ်သိမှာလဲ အချစ်ဆုံးသူငယ်ချင်းဆိုတိုင်း သံသာကသူ့ကိစ္စအကုန်သိနေရမှာလား တအိမ်ထဲနေနေတာလဲမဟုတ်ဘူး စိတ်ချင်းဆက်နေတာလဲမဟုတ်ဘူး ပီးတော့သူငယ်ချင်းဆိုတိုင်း သံသာကသူ့နောက်လိုက်မှမဟုတ်တာ "

ပီးတော့ ဘာလို့ သူကျောင်းမတတ်တာမေးနေတာလဲ သူက ကိုကိုညီမမဟုတ်ဘူး ကိုကို‌ရှေ့မှာရပ်နေတဲ့ သံသားထူးဆိုတဲ့ သံသာကမှ ကိုကိုညီမအရင်းနော်

အေ နင်ကငါ့ညီမအရင်းမို့လို့ နင်ကိုငါယုံကြည်လို့မေးနေတာ

သံသာ သေချာနားထောင် ငါ့ကိုမလိမ်နဲ့မညာနဲ့ ငါမကြိုက်ဘူးဆိုတာ နင်သိတယ်နော် ကျန်တာနင်ငါ့အပေါ်ကြိုက်သလိုဆိုးနိုင်ချွဲနိုင်တယ် တခုပဲ ငါ့ကိုလိမ်တာညာတာငါအမုန်းဆုံးပဲ နင်ငါ့အကြောင်းသိပါတယ်ဟာ

ဒီမနက် ကြေးမုံ 'ဖေဖေ ငါ့ဆီဖုန်းဆက်တယ် ...."

သံသာခုမှ ကိုကိုမျက်နှာကိုသေချာကြည့်မိသည်

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now