ကြီးကြီးပုရေ.........ချီချီတို့ပြန်လာပီးလူကမရောက်သေးဘူး အသံကအရင်ကြားနေရပီး ဒီခလေးတွေတော့.....
ငယ်လေး မြန်မြန်လာပါဟ....လမ်းလျှောက်တာနှေးလိုက်တာ လိပ်တောင်အဖေခေါ်ရမယ်
မမကသာ မြန်မြန်လျှောက်နေတာ ငယ်လေးကပုံမှန်လျှောက်နေတာပါနော် ဟွန့်....
ဦးယံပြန်ရောက်နေပီးထင်တယ် ကားတွေ့တယ်....ဟုတ်လား မမ
အွန်
ဦးယံပြန်ရောက်နေပီ အသိနဲ့တင် မောင်နှစ်မနှစ်ယောက် အိမ်ထဲသို့ မြန်မြန်လေး ပြေးဝင်ခဲ့သည်
ဟဲ့ ဟဲ့ ဒီခလေးတွေ ဖြေးဖြေးတတ်ကြပါ တော်ကြာပြုတ်ကြနေအုံးမယ်
ဟုတ်ကဲ့ ကြီးကြီးပု
ဒေါက် ဒေါက်....ဦးယံ ငယ်လေးတို့ဝင်လာမယ်နော် ပြောပီး အခန်းထဲအတင်းဝင်လာတဲ့ ငမွှေးထိုးနှစ်ယောက်
ဦးယံ မျက်နှာလဲမကောင်းပါလား ငိုထားတာလား
မဟုတ်ပါဘူး ချီချီရယ် ကိုကိုကငိုစရာလား
ကဲ အဆိုးလေးနှစ်ယောက် ဒီနေ့ပြန်လာတာနောက်ကျလှချည်လား....
အဲ့တာ မမလုပ်တာ ဦးယံ ငယ်လေးပြောတယ် စောစောပြန်မယ်ဆိုတာကို အစားငမ်းနေတာနဲ့ အိမ်ပြန်နောက်ကျရတာ....
ရွှေမိုးသည်း နင်နော် ခုမှငါတယောက်ထဲအပြစ်မတင်နေနဲ့ နင်လဲဘာထူးလို့လဲ အစားဆိုနှစ်ခါ မခေါ်ရပဲနဲ့
ဟုတ်ပါပီ ဒါနဲ့ပဲ အချင်းချင်းရန်ဖစ်ကြတော့မယ်
ဦးယံ ဒီနေ့အစောကြီးပြန်ရောက်နေပါလား ဘာလို့လဲ အရင်နေ့တွေကနောက်ကျနေပီးတော့
ဒီနေ့ ကိုကို ရှုတင်အစောကြီးပီးတာနဲ့ အိမ်ပြန်လာလိုက်တာ....မပျော်ဘူးလား ကိုကိုစောစောပြန်လာတာ
ပျော်တာပေါ့ မပျော်ဘဲနေမလား တအိမ်ထဲနေနေပေမဲ့ ဦးယံမျက်နှာချောချောလေးကို တွေ့ရဖို့ ဘယ်လောက်ထိခက်ခဲလိုက်လဲ

YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို