ep-35

1.9K 39 7
                                    


အိပ်ယာပေါ်မှာ အနားယူနေတဲ့ ကိုကိုရင်ခွင်ထဲ ကြေးမုံခေါင်းလေးတိုးဝင်လိုက်တော့ ကိုကိုကအလိုက်သိ ကြေးမုံကိုယ်လေးကို ပွေ့ဖတ်ပေးသည်

‌ေကြးမုံ   အခုအသက်ဘယ်လောက်ရှိနေပီးလဲ

ကိုကိုက ကြေးမုံအသက်ကိုတောင်မမှတ်မိတော့ဘူးလား ကိုကို ကြေးမုံကိုချစ်တယ်ဆိုတာ ဒါမျိုးလား

ကိုကိုက မမှတ်မိစရာလား     ‌ ‌‌ကိုကို      မိန်းမနဲ့ပတ်သတ်တဲ့ အသေးမွှားကိစ္စလေးကအစ ကိုကို အကုန်မှတ်မိတယ်

ကြေးမုံ   အခု အသက်၃၈နှစ်ထဲရောက်နေပီး ကိုကိုတို့နှစ်ယောက်တစ်ဘဝကို တည်ဆောက်ခဲ့တာ ၂၂နှစ်ရှိလို့ သားနှစ်ယောက် သမီး၁ယောက် ထွန်းကားခဲ့ပီးပီး ကိုကိုပြောချင်တာကွာ     ကြေးမုံ   ဘယ်ချိန်လောက်မှ ကလေးစိတ်ကုန်မှာလဲ

ကိုကို ကြေးမုံကဘယ်မှာကလေးစိတ်ဖစ်နေလို့လဲ

ကိုကို   ‌ေကြးမုံကို ဆူနေတာမဟုတ်ဘူးနော် ကိုကိုက အကျိုးကြောင်းရှင်းပြတာ  ကိုကိုတောင် သားကြီးကို ချစ်ပေးနိုင်သေးတာ ‌ေကြးမုံက သားကိုဝမ်းနဲ့လွယ်ပီး မွေးထားတဲ့မိခင်လေ ဘာလို့ သားကို ခုထိနေရာတကာ ချုပ်ချယ်နေမှာလဲ သားက အခုအသက်၂၂ရှိနေပီး သူ့ကိုကိုယ်ပိုင် ဆုံးဖြတ်ခွင့် လွှတ်လပ်ခွင့် ပေးလို့မရဘူးလား

ကြေးမုံ ကိုကိုရင်ခွင်ထဲက တိုးထွက်ပီး မွေယာပေါ် ဆက်ခနဲ ထထိုင်လိုက်သည်

ဟင်အင်း ကြေးမုံ သူ့ကိုချောင်းသာသွားဖို့ကိစ္စ ဘယ်နည်းနဲ့မှသဘောမတူနိုင်ဘူးနော် အစထဲက ကြေးမုံသူ့ကို မင်းသားလုပ်ရမယ်လို့ အတင်းရိုတ်နှက်ပီး လုပ်ခိုင်းထားတာလဲမဟုတ်ဘူး

ထက်မြတ်လဲ မိန်းမရဲ့အကြောကိုသိတာမို့ အိပ်နေရာကထလာပီး မိန်းမဖစ်သူလက်ကလေးကို ကိုင်ကာ

ကြေးမုံ   သားကိုချစ်တယ်ဆိုတာ ကိုကိုသိပါတယ် သားကိုအရမ်းတွေချစ်မိနေလို့ မျက်စိအောက်ကအပျောက်မခံဘဲ နေရာတကာလိုက်ချုပ်ချယ်နေတယ်ဆိုတာလည်း ကိုကိုသိတယ် ဒါပေမဲ့ ‌ေကြးမုံဘက်က    စိတ်လေးကို တထစ်လောက်လျော့ပေးလို့ရမလား ကိုကိုတောင်းဆိုတာပါ

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now