ep-66

2.1K 52 25
                                    


     ဟုတ်ပါ့မလား   ကြေးမုံ  အဲ့ဒါတွေအယုံအကြည်မရှိဘူး  မေနှင်းရယ်   တော်ကြာ  မဟုတ်တာတွေဟောရင်ဘယ်လိုလုပ်မလဲ  ကြေးမုံမသွားချင်တော့ဘူး  ပြန်ရအောင် 

 
    မဟုတ်တာ  ကြေးမုံရယ်  ဒီအထိတောင်ရောက်လာခဲ့ပြီးပြီးကို  အထဲဝင်ရအောင်  ဒီက  ဆရာမက  သူဟောတာတွေမှန်နေလို့  ခုနာမည်ကြီးနေတာ  ပြီးတော့  မေးတဲ့သူတွေကအစ  အကုန်မှန်လို့ ခဏခဏလာမေးကြတာ  ရောက်လက်စနဲ့တော့  အထဲဝင်ပြီးမေးကြည့်ရအောင်ပါ  ကြေးမုံရယ်  လာပါ

မေနှင်းကတော့  ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး    မေနှင်းသဘောပဲ   ကြေးမုံဘာမှမပြောတော့ဘူး

   လာပါ  မေနှင်းအာမခံတယ်  သူဟောတာတွေ  မမှန်ဘူးဆိုတာနဲ့  ချက်ချင်းထပြန်ကြမယ်  ဟုတ်ပြီးလား

  ကြေးမုံ  ဒီနေ့  မမေနှင်းအိမ်သွားလည်ပြီး   ကြေးမုံ  ခုတလောကြုံနေရတဲ့အခက်အခဲတွေကို  ပြောပြတော့  မေနှင်းက   အသိဗေဒင်ဆရာမဆီ  သွားမေးရအောင်ဆိုလို့   မေနှင်းခေါ်ဆောင်ရာ   ကြေးမုံ  လိုက်ပါခဲ့တယ်ဆိုပါတော့   ပြီးတော့  မေနှင်းက   ကြေးမုံ  ဘဝမှာ  ညီအစ်မဆိုလည်းဟုတ်တယ်  သူငယ်ချင်းဆိုလည်းဟုတ်တယ်   ကြေးမုံရဲ့ဘဝကို  ပထမဆုံးနားလည်ပေးတဲ့သူလို့ပြောရမယ်  အတိတ်ကဖြစ်ရပ်တွေကြောင့်  အပေါင်းအသင်း ထားရမှာကြောက်တဲ့သူအတွက်  မမေနှင်းဝါက  ကြေးမုံဘဝထဲကို  နွေးထွေးမှုအပြည့်နဲ့ဝင်လာခဲ့တယ်   မေနှင်းက  ဦးယံရဲ့  နို့ချိုတိုက်ကျွေးတဲ့မိခင်လည်းဖြစ်တယ်  အကြောင်းက  သားဘုန်းရှိန်ဝါနဲ့သားက    မွေးလမတူတဲ့  အသက်မတိမ်းမညိမ်း  သူငယ်ချင်းတွေလေ  ဦးယံ  ခုထိကြီးပြင်းလာခဲ့ရတာ  မေနှင်းရဲ့ကျေးဇူးတွေလည်းပါတယ်

   
    ကြေးမုံနဲ့မေနှင်း  အိမ်ထဲသို့ ခြေဖဝါး ချလိုက်ထဲက   ကျောထဲအထိအေးစိမ့်တဲ့  အအေးဒဏ်ကို  ခံစားမိတယ်  ပြီးတော့  ဒီအိမ်က  မှောင်ပြီးတော့ကြောက်ဖို့လည်းကောင်းတယ်လို့  ကြေးမုံတွေးမိသည်  အိမ်ရဲ့အတွင်းပိုင်းကို လိုက်ကြည့်မိတော့   နေရာတိုင်းလိုလို  နတ်စင်တွေလို့ပြောရမလား   ရုပ်တုတွေကော  ရုပ်ပုံတွေကော  ပန်းချီကားချပ်တွေလည်းပါတယ်   ပြီးတော့  တချို့ရုပ်ထုတွေဆို   တကယ့်လူအတိုင်းပဲ   ကြေးမုံတို့သွားတဲ့နောက်ကို   လိုက်ကြည့်နေသလိုပဲ    ကျောချမ်းစရာ

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now