ep-64

1.5K 49 47
                                    

လူကြီးတွေအကုန် အခန်းထဲပြန်သွားမှ ချီချီ က တိတ်ဆိတ်သွားတဲ့ လေထုကိုဖြိုခွဲကာ အစချီလိုက်ပါတော့သည်

ဟား ဟား ဟား ချီချီတစ်ယောက် သူမပေါင်ဖြူဖြူလေးကိုလက်နဲ့ပုတ်ကာ ရယ်မောနေပါတော့သည်

ငယ်လေးက အစ်မဖြစ်သူလောက် အခြေနေမဆိုးပေမဲ့ သူအိနြေနဲ့သူကြိတ်ရီနေမိသည်

ဦးယံနဲ့ ကြာဖြူဆိုတဲ့ ကလေးမလေးကတော့ ရှက်လိုထင်ပါရဲ့ တစ်ယောက်ကိုတစ်ယောက် ခပ်ခွာခွာလေးထိုင်ကာ ကျောခိုင်းထားကြသည်

အမလေး ကြာဖြူရယ် ရီရတာဗိုက်တွေတောင်နာလာပြီး တကယ်

ဘာတဲ့ နှာဘူးကြီး ချီချီ အစ်ကိုဖြစ်သူမျက်နှာကိုကြည့်ပြီး ပြောင်ချော်ချော် လုပ်နေပါတော့သည်

ချီချီ တော်သင့်ပြီးထင်တယ် တော်ကြာ ဟိုက ထပ်ငိုနေအုံးမယ် စနေတာရပ်လိုက်တော့

ဟုတ်တယ် ဦးယံပဲ ပြောလိုက်တော့ မိန်းကလေးဖြစ်ပြီး ရီနေတဲ့ပုံက မပြောလိုက်ချင်ဘူး ဟွန့်

မပြောချင်မပြောနဲ့ပေါ့ ငါရီတတ်သလိုငါရီတာကို လာပြီ ဝေဘင်နေတယ် ငါကအကြီးနော်

ချီချီ

အိုကေ အိုကေ ဦးယံ ချီချီ မစတော့ဘူးလို့ ကတိပေးတယ်

ခုနက အခန်းမှားဝင်မိတဲ့အတွက် ဒီက ညီမလေးကို အနူးညွတ်တောင်းပန်ပါတယ်

ရပါတယ် မုန်းကပဲ တောင်းပန်ရမှာပါ မုန်းမသိဘဲ ကိုကိုကြီးကို နှာဘူး လို့

ဟီး ဟီး ရီလိုက်သူက ချီချီ

အဟန့် ဦးယံ ချောင်းတစ်ချက်ပေးလိုက်သည်

ကိုကိုကြီးကို နှာဘူး နှာဘူးလို့ ထင်မိတဲ့အတွက် မုန်းတကယ်တောင်းပန်ပါတယ် မုန်းကို ခွင့်လွှတ်ပေးပါ

ခဏ ခဏ မုန်းက ဘယ်သူလဲဟင်   ငယ်လေးမသိလို့

မုန်းကိုယ့်ဘာသာ ရည်ညွှန်း တာပါ

နာမည်က ကြာဖြူမဟုတ်ဘူးလား  ချီချီက    ကြာဖြူလို့ပဲထင်နေတာ

အဲ့တာက ဖွားဖွားကြီးခေါ်တဲ့နာမည်ပါ မုန်းနာမည်အရင်းက မုန်း တစ်လုံးထဲပါ

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now