ep-45

1.4K 42 29
                                    

ဦးယံ အဆင်သင့်ဖြစ်ပြီးလား

ဟုတ် ကျွန်တော်အကုန်အဆင်သင့်ဖြစ်နေပါပြီး

အဆင်ကောပြေရဲ့လား ဦးယံကိုကြည့်ရတာ အားမရှိတဲ့ပုံပေါက်နေတယ်ကော နေမကောင်းလို့လား

ဘာမှမဖြစ်ပါဘူး ကိုသားကြီး ညက အိပ်ရေးပျက်လို့ထင်တယ်

ဟက်ချေး ဟက်ချေး.......

နှာတွေချေနေပြီး ဦးယံ မင်းအဆင်ပြေတယ်ဆိုတာ ကိုသားကြီး မယုံဘူး ဆေးသောက်ရမယ် ဒါမှမဟုတ် ဒီနေ့ရိုတ်မဲ့ ဆင်း ကို ဖြတ်လိုက်ရမလား

မဖြတ်နဲ့ ကိုသာကြီး ကျွန်တော်ဆေးသောက်လိုက်ရင် သက်သာသွားလိမ့်မယ်

ကိုသားကြီးမို့လို့ ဦးယံစကားကိုယုံတယ်နော်

ဘာကိုပြောတာလဲ ဒေစီ...

ကိုသားကြီး ဦးယံ မန်နေဂျာဖြစ်တာ ဒီလောက်ကြာနေပြီး ခုထိ ဦးယံအကြောင်း အကျွမ်းတဝင် မရှိသေးဘူး အံ့သြဘတော်

ရော့ ဦးယံ ဒီမှာ ဒီကိုဂျင် ဟော့ဒီမှာ ရေ

ကျေးဇူးပဲ မဒေစီ

ဒေစီ ဦးယံအား မလိုပါဘူး ရတယ်ဆိုတဲ့သဘောနဲ့ မျက်စိတစ်ဖတ်မှိတ်ပြလိုက်သည်

ကိုသားကြီး တော် မင်းသားအကြောင်း တော် မသေမချင်းမှတ်ထား

ဒေစီ နင် ငါလုပ်ရင် အရပ်က ဒီထက်ပုဝင်သွားလိမ့်မယ် အဲ့ခါကြမှ မငိုနေနဲ့ အကြီးကို မရိုမသေ ဆက်ဆံနေတာ

အမယ် တရက်လေး ကြီးတာကို ဆယ်နှစ်လောက်ကြီးတယ်ထင်နေတာ

ဦးယံ က အဆင်ပြေလားမေးရင် အဆင်ပြေတယ်လို့ပဲ ဖြေမှာပဲ တဖတ်သားကို သူ့ကြောင့် ဝန်ပိုမှာ အရမ်းအားနာတတ်တဲ့သူ ဦးယံ အဆင်ပြေတယ်ပြောတဲ့နောက်ကွယ်မှာ သူအဆင်မပြေဘူး သူနေမကောင်းဘူး အဲ့လိုသဘောမျိုးရှိတယ် သူကထုတ်မပြဘူး သူ့ဘာသာ ကြိတ်ခံစားတဲ့သူမျိုး......

မနေ့က လေ ညဘက်ကြီး မင်းသမီး ရေနစ်တဲ့အချိန် မင်းသားက ဝင်ကယ်တဲ့အခန်းလေ သိတယ်မလား ဘယ်နှခေါက်တောင်ရိုတ်လိုက်ရလဲ မသိဘူးလား

အခါနှစ်ဆယ် နှစ်ဆယ်ကြီးများတောင် ပြောရင်လည်း ကိုယ့်တွေဘက်ကအလွန်ဖြစ်မယ် ဦးယံက နဂိုထဲက ကျန်းမာရေးချူချာတဲ့သူ အအေးခံလို့မရ အစာလွန်လို့မရ ဆေးကို နေ့စဥ်မှီဝဲနေရတဲ့သူ.....မနေ့က ရေထဲကအခန်းကို ပြန်တွေးမိလေ အဲ့ရေပျော်မ ရေကြိုက်မကို အမှုန့်ကြိတ်ချင်လေပဲ.....

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now