ep-61

1.6K 49 24
                                    


ဆေးရုံအနံ့သတ်တွေကို မုန်းတဲ့ မြကြေးမုံ ဆေးရုံဆို ဝေးဝေးကနေရှောင်တဲ့ မြကြေးမုံ ခုတော့ သူမရဲ့သားလေးအတွက် ညတွင်းချင်း ဆေးရုံကိုရောက်နေပါတော့သည်

သားက အလုပ်ပင်ပန်းနွမ်းနယ်မှု စိတ်ဖိစီးမှု အစာလွန်အအိပ်ပျက် စသော ရောဂါပေါင်းစုံနဲ့ ဆေးရုံကုတင်ပေါ်မှာ လှဲလျောင်းနေသည်

ကြေးမုံ သတိမရသေးတဲ့ သားရဲ့ မျက်နှာပြင်လေးကို သူမရဲ့ လက်ထိပ်ကလေးများနဲ့ ဖွဖွလေးထိတွေ့နေမိသည် ထူပြီးမဲနက်နေတဲ့ဒီမျက်ခုံး နေမင်းလို စူးရှတောက်ပနေတဲ့မျက်ဝန်းအိမ်လှလှလေး ရှည်လျားပြီးကော့ညွတ်နေတဲ့မျက်တောင်စိပ်စိပ်ကလေးတွေ ရီလိုက်ရင်ပေါ်လာတတ်တဲ့ V shapeမျက်နှာပြင်က ပါးချိုင့်ကလေး စံပယ်တင်မှဲ့လေးက တင့်တယ်စွာ ကြေးမုံရဲ့သားက အဲ့လိုမျိုးဆုတောင်းကောင်းစွာ မွေးဖွားလာတဲ့ သားလေးဆိုပါတော့ ကြေးမုံ သားရဲ့ဆွဲဆောင်မှုတွေဝိုင်းရံနေတဲ့ မျက်နှာပြင်လေးကို သားမသိတဲ့အချိန်တွေမှာပဲ ထိတွေ့ခွင့်ရတာမလား

မားမား တောင်းပန်ပါတယ် ကလေးရယ် မားမား သားအဖြစ်မွေးဖွားလာခဲ့လို့ သား ပင်ပန်းနေလောက်ရောပေါ့ မားမား သားအပေါ်ဆက်ဆံတာတွေက ဆိုးရွားတာကို မားမားလက်ခံပါတယ် မားမား မငြင်းပါဘူး

မားမား အသက်နဲ့ရင်းပြီး မွေးထုတ်ခဲ့ရတဲ့သားကို မချစ်ဘဲနေမလား မားမားရဲ့ချစ်ပုံချစ်နည်းမှားတာ မားမားသိပါတယ် မားမားသားကို ဆူနေတာ ဆဲနေတာ ရိုတ်နှက်နေတာတွေက သားကိုချစ်လို့ပါ အဲ့လိုပြောရင် သား ရီနေမလား ဒါမှမဟုတ် မားမားကို လှောင်နေမလား ကလေး

မားမားရဲ့လုပ်ရပ်တွေ အပြုမူတွေကြောင့် သား မားမားကို မုန်းနေပြီးလား ကလေး

မားမားရဲ့ဘဝမှာ မားမား တန်ဖိုးထားရတဲ့အရာမှန်သမျှ ကုန်းကောက်စရာမရှိအောင် ဆုံးရှုံးခဲ့ပြီးပြီး မားမား သားကိုတော့ မဆုံးရှူံးချင်းဘူး သားရယ် မားမား အတ္တကြီးတယ်ဆိုတာလည်း မားမားသိပါတယ် သားအပေါ်မတရားဘူးဆိုတာလည်း နားလည်တယ် မားမားရဲ့သားလေးက မားမားကို နားလည်ပေးမယ်မလားဟင်

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now