ep-52

1K 35 21
                                    


ပင်လယ်ကမ်းစပ်နားသို့ပြေးသွားပြီး ရေးးးးးးးးးပျော်လိုက်တာ ဒီလိုခရီးမထွက်ရတာ ဘယ်လောက်တောင်ကြာနေပြီးလဲ

ချီချီ သူမရဲ့လက်နှစ်ဖက်ကို လေဟာနယ်ထဲ ဖြန့်ထားရင် ဝါး အရမ်းလတ်ဆတ်တဲ့ ပင်လယ်လေနံ့လေးပါလား စိတ်ကိုလန်းဆန်းသွားတာပဲ

ထိုစဥ် ပင်လယ်ရေလှိုင်းလေးတွေက သူမရဲ့ရဲသွေးနီနေသော ခြေဖဝါးအား အအေးဓာတ်ပေးနေသလို ခံစားမှုက ဘာနဲ့မှအစားထိုးမရ

ဟော့ ဒီမှာ ခရုသေးသေးလေးတွေ အများကြီးပဲ ငယ်လေး ဒီကိုလာကြည့်

ချီချီ မောင်ဖြစ်သူကို လက်ယှက် ကာ လှမ်းခေါ်လိုက်သည်

မမ ဘာတွေကောက်နေတာလဲ မရှက်ဘူးလား ခလေးလဲမဟုတ်ဘဲနဲ့

ဒီမှာလေ ပင်လယ်ရေလှိုင်းနဲ့ သူတို့လေးတွေက ကမ်းစပ်ကိုမျောပါလာပြီး ရေလှိုင်းက ပင်လယ်ထဲပြန်သွားတဲ့အခါ ကျန်ခဲ့တဲ့ သနားစရာ ခရုခွံလေးတွေကိုကောက်နေတာ ဒါလေးတောင်မသိဘူးလား

အလကား အလုပ်ရှုပ်ခံပြီး ကောက်နေတယ် ပိုက်ဆံပေးပြီးဝယ်ရင် ဒီထက်တောင်လှသေးတယ်

ဟဲ့ ဘယ်သွားမလို့လဲ

ဟိုကျောက်ဆောင်မှာ ဓာတ်ပုံသွားရိုတ်မလို့ ခဏနေ ပြန်လာမယ်

ချီချီကတော့ ဖိနပ်ကလေးချွတ်ကာ ရေလှိုင်းလေးများနှင့် ဆော့ကစားနေသည်

နေဝင်ဆည်းဆာချိန် ဖြစ်တာကြောင့် သူမရဲ့အလှသည်လည်း သက်ဝင်လှပေသည်

အသားရေဝင်းဝါစိုပြေနေသော သူမက သူမရဲ့အသားနဲ့လိုက်ဖတ်တဲ့ အဝါရောင်ကြိုးတစ်လုံးဂါဝန်ရှည်က်ို ဝတ်ဆင်ထားကာ သူမရဲ့နီညို‌ရောင်ဆံကေသာတို့ကို ဖြန့်ချထားသည် တခါတလေ သူမကိုယ်လေးယိမ်းနွဲ့လိုက်တိုင်း နီညိုရောင်ဆံကေသာအောက်က လှပသောကျောပြင်လေးက ပေါ်ထွက်လာတတ်သည် သူမဟာ ဝင်ခါနီးဆဲဆဲ နေမင်းကြီးရဲ့အလင်းရောင်အောက်ဝယ် တောက်ပနေသော တိမ်ပန်းချီ ဆိုတဲ့ကောင်းမလေးတစ်ယောက်ဆိုပါတော့

ရေစပ်နားမှာ ကလေးတစ်ယောက်လို ပြေးလွှားပျော်ပါးစွာ ကစားနေတဲ့ သူမကို မနီးမကမ်း ကနေ ဓာတ်ပုံရိုတ်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ် ထိုသူကတော့ သူမရဲ့ နှုတ်ခမ်းဖျားက အမြဲတမ်းခေါ်နေတဲ့ ကိုကိုဆိုတဲ့ ဘုန်းရှိန်ဝါ ဖြစ်သည်၊၊

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now