ဟဲလို ခလေး ကိုယ်ပါ ဒီနေ့မင်္လာဝတ်ဆုံသွားကြည့်မလို့ ချိန်းထားတာ မမေ့ပါဘူးနော်
မေ့စရာလား ကြေးမုံက မှတ်ညဏ်မကောင်းတဲ့သူမှမဟုတ်တာ
ကိုဇွဲကိုစောင့်နေတာ မြန်မြန်လာခဲ့ချည်
ဟုတ်ပီး ကိုယ်ခဏနေရောက်မယ် နောက်မှတွေ့မယ်နော် ကိုခလေးကိုချစ်တယ်
ကြေးမုံနဲ့ကိုဇွဲက အရင်လိုခါးသက်နေတဲ့ဆက်ဆံရေးမဟုတ်တော့ပါဘူး သူကိုချစ်နေလားလို့ကိုဘာသာပြန်မေးရင် အဖြေကတော့ ဟင်အင်း ကြေးမုံ ထိုလူသားက လွဲပီးတော့ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့ဘူး ကြေးမုံ ရုပ်နဲ့ခန္ဓာက ကြေးမုံနဲ့တည်ရှိနေပေမဲ့ ကြေးမုံရဲ့ စိတ်နဲ့နှလုံးသားကတော့ ထိုလူသားဆီ အပိုင်ပေးလိုက်ပီမလား
ကိုဇွဲကတော့ သူ့မှားခဲ့တာတွေအတွက် နောင်တရပီး ပြုပြင်ပြောင်းလဲနေပါပီး ကြေးမုံပေါ်မှာပဲ သူ့ရဲ့စိတ်ကိုအကုန် ပုံအပ်ထားတယ်မလား......ကြေးမုံ အစကသူ့ကိုမုန်းတီပေမဲ့ ခုတော့မမုန်းတော့ပါဘူး ချစ်လဲမချစ်ဘူး ဒီအတိုင်းလေးပဲ သူကောင်းရင်ကိုယ်ကောင်းပေးတယ် သာမန်မိတ်ဆွေရင်းနှီးမှုထက် မပိုဘူး လက်ထပ်ပီးသွားရင်လဲ ဘယ်လိုစိတ်နဲ့ရှေ့ဆက်ရအုံးမလဲဆိုတာ ခုထိအဖြေက ရှာမရ.....
သူ့ကတော့ ကြေးမုံအချစ်ရအောင် တမျိုးပီးတမျိုး မရိုးနိုင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ တနေ့တမျိုး ကြိုးစားနေတယ်မလာ
ဥပမာ ခုနကလို ဖုန်းချခါနီးတိုင်း ခလေးကိုချစ်တယ်ဆိုတာမျိုးပေါ့
ကြေးမုံအမှန်တိုင်းပြောရရင် သူ့ကိုအားနာမိတယ် ကြေးမုံက ထိုလူသားကလွဲပီး ဘယ်သူကိုမှဆက်မချစ်ချင်တော့တာ
ဘာလိုလိုနဲ့ ကြေးမုံလဲ လက်ထပ်ရတော့မှာပါလား ကိုယ်ချစ်တဲ့သူနဲ့မဟုတ်တာကလွဲရင်ပေါ့ းးးးးးးး
ကိုဇွဲ ကြေးမုံအပေါ် အရမ်းဂရုစိုက် လိုအပ်တာမရှိအောင် ဖြည့်ဆည်းပေး ချစ်ပေးနေတာမြင်ရတော့ ကိုဇွဲကို အရမ်းအားနာမိတယ်......
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romansaသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို