ခုနကနင်ပြောတဲ့စကားထဲမှာ ကြေးမုံကလက်ထပ်မဲ့သူရှိနေတာလား ?နင်ငါ့ညီမအရင်းဟုတ်ပါတယ်နော် နင်လုပ်ရပ်တယ်ဟာ နင်ငါ့ကိုမကောင်းတဲ့လူဖစ်အောင်ဇာတ်သွင်းလိုက်တာပဲ
သိလက်စနဲ့ပြောပြရအုံးမယ် ကိုကို အဲ့ညကလေ ကိုကိုရောက်ပီးမကြာဘူး သံသာအိမ်ပြန်ရောက်တာ သံသာတွေ့သားပဲ ကြေးမုံ ကိုကို့ ကိုအခန်းထဲလိုက်ပို့နေတာ သံသာအနောက်ကနေ မသိမသာလေးလိုက်တတ်ခဲ့တာ ပီးတော့ ဆက်နားထောင်ချင်သေးလား
အား.... တော်ပီး သံသာ ဆက်မပြောနဲ့တော့ တော်ပီး မကြားပါရစေနဲ့တော့
ကြေးမုံလေ အဲ့ညက ကိုကို့ကိုငိုယိုပီး တောင်းပန်နေတာ အဲ့လိုမလုပ်ဖို့ သူမအဲ့ညကကိုကို့ ကိုတော်တော်ကြောက်သွားမှာ သိလား သံသာတောင်ကြည့်ပီး သူ့မအစား ကြောက်မိတယ် ....
သံသား တော်လိုက်တော့ ငါပြောနေတယ် ဆက်မပြောနဲ့တော့ နင်ထပ်ပြောရင် ငါသတ်မိတော့မယ်နင့်ကို....
ကိုကိုပဲအရမ်းတွေသိချင်နေတာမလား သံသာအခုပြောပြနေပီလေ နားထောင်ရမှာပေါ့ ကိုကိုရဲ့
ဟာကွာ နင်ငါ့ညီမဖစ်နေလို့ တခြားသူဆို.....တောက်
နင်ပြောငါခုဘယ်လိုဆက်လုပ်ရတော့မလဲ
လက်ထပ်ရုံပဲရှိတော့တာပေါ့ ကိုကိုမပျော်ဘူးလား ခုအခြေနေလေးကို သံသာကတော့ပျော်တယ် ယောင်းမလဲရခလေးလေးကောအပိုပါသေး .....
နင်ပါးစပ်ပိတ်ထား ဆက်ပြောရင် ငါတကယ်လူသတ်မိတော့မယ်
ဟား ဟား ဟား ......
ညီမဖစ်သူကိုလဲမရိုတ်ရက်တော့ ဒေါသပြေတဲ့အထိအခန်းနံရံကိုသာ လက်သီးနဲ့အကြိမ်ပေါင်းများစွာထိုးနေမိတော့သည်.....
ဟဲ့ မိအေး အပေါ်မှာဟိုနှစ်ကောင်ဘာတွေလုပ်နေလဲ သွားတတ်ကြည့်လိုက်အုံး.....
ဟုတ်
ခဏအကြာ အမလေး အကိုလေး တော်ပါတော့ ဆက်မထိုးပါနဲ့တော့ လက်မှာသွေးတွေအများကြီးထွက်နေပီး တော်ပါတော့ မမလေး အကိုလေးကိုတားပါအုံး မိအေးတစ်ယောက် မမလေးအားအကူညီတောင်းသော်လည်း မမလေးကပါ အရူးတစ်ယောက်လိုငိုလိုက်ရီလိုက်ဖစ်နေသည်...
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို