ကြေးမုံနဲ့ကိုကို လက်ထပ်ထားတာ ခုဆိုခုနစ်လတောင်ပြည့်ခဲ့ပီး ကြေးမုံတို့အိမ်ထောင်ရေးက သာသာယာယာပါပဲ ကိုကို က အိမ်ထောင်ဦးစီးကောင်းတယောက်ပီသချင်လို့တဲ့ ခုထဲက ကိုကိုဖေဖေကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတာ ကြေးမုံတို့လက်ထပ်ပီး တလလောက်ထဲကဆိုပါတော့.....
သျှောင်နောက်ဆံထိုးပါဆိုတဲ့စကား က ကြေးမုံအတွက်တော့ မမှန်ခဲ့ဘူးပြောရမလား ကြေးမုံက မေမေတို့နဲ့မခွဲနိုင်ဘူးပြောတော့ ကိုကိုက ကြေးမုံသဘောဆိုပီး ကြေးမုံတို့အိမ်မှာပဲ အတူတူနေကြတယ်
ဘာလိုလိုနဲ့ကြေးမုံဗိုက်ထဲ သားလေးတောင်မွေးရက်နီးနေပီး ဆေးရုံးမှာဗိုက်သွားအပ်တုန်းက တခါထဲ ultrasound ရိုတ်ကြည့်တော့ သားလေးလို့သိလဲသိကော ကိုကိုကောကြေးမုံကော အဲ့နေ့ပျော်လိုက်တာဆိုတာ မျက်ရည်တောင်ကျတဲ့အထိ အဲ့ပျော်ရွှင်မှုကိုဘာနဲ့မှတန်ဖိုးဖြတ်လို့မရနိုင်ခဲ့ဘူး .....အိမ်ပြန်ရောက်တော့ မိဘတွေကိုပြောပြတော့ နှစ်ဖက်မိဘတွေလဲကြေးမုံတို့နီးတူ ဝမ်းသာမျက်ရည်ကျတဲ့အထိ အဲ့နေ့ထဲက ခုထိ ကြေးမုံကို အိမ်သားတွေက မျက်စိအောက်ကနေအပျောက်ကိုမခံကြတော့ဘူး
သမီးရေ.....အားဆေးသောက်ရမဲ့အချိန်ရောက်နေပီး....
အော် တွေးနေရင်းတန်လန်း မေမေကတော့ ကြေးမုံကိုအော်ခေါ်နေပီး...... ကြေးမုံပြုံးလိုက်ပီး ဗိုက်လေးကိုကိုင်ကာ ကြားလား သားသား ဖွားဖွားကြီးက ဆေးသောက်ဖို့ မေမေတို့ကို ခေါ်နေပီး တော်ကြာ မေမေကိုဆေးမသောက်လို့ ဆူနေအုံးမယ်.....
သမီး သမီးလေးရေ....
လာပီး မေမေ ကြေးမုံက အိမ်ရှေ့ကဒန်းလေးမှာထိုင်နေတာ
ဖြေးဖြေးလာပါ သမီးရယ် တော်ကြာ တခုခုဖစ်နေပါအုံးမယ် ကဲ ရော့ ဆေးသောက် အဲ့တာမှမေမေသမီးလေးနဲ့ မြေးလေး အားရှိမှာ.....
ညနေတောင်စောင်းနေပီး သမီးဖေဖေနဲ့ကိုကို ပြန်လာတော့မယ်မလား
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို