ep 47

1.1K 41 8
                                    

ဘယ်အချိန်ရှိပြီးလဲ ငါမေးနေတယ်လေ သေနာလေးရဲ့ နင့်မှာပါးစပ်မပါဘူးလား မေးနေတာဖြေလေ

ဟိုဘက်အိမ်က သားစွဲညှိတောင် ပြန်ရောက်တာကြာနေပြီး နင်ကဘယ်တွေသဝေထိုးနေလို့ ခုမှပြန်လာတာလဲ ဖြေလေ ဖြေလို့ပြောနေတယ်

မားမားရဲ့ ဒေါသပုန်ထသံနဲ့အတူ ဦးယံကိုအော်လိုက်သောကြောင့် ဦးယံ တချက်တုန်တတ်သွားမိသည်

ည ရှစ်နာရီ ကျော်ပါပြီး မားမား

အော် ညဘက်ဆိုတာ နင်သိသေးတာပဲ ဒါဟာ ရှစ်တန်းကျောင်းသားတစ်ယောက် အိမ်ပြန်လာရမဲ့အချိန်လား နင်လာချင်တဲ့အချိန်လာရအောင် ဒါကအိမ် ဟိုတယ်မဟုတ်ဘူး သဘောပေါက်လား

သား သား လမ်းမှာ လူတယောက်ကို ကူညီနေလို့ နောက်ကျသွားတာပါ မားမား သားနောက်ခါ အိမ်ပြန်နောက်မကျစေရပါဘူး မားမား သားကတိပေးပါတယ်

ငါမကြိုက်တဲ့အရာကလေ လိမ်တာညာတာပဲ နင်လုပ်ခဲ့တဲ့အမှားကို အပြစ်လွတ်အောင် တပါးသူအပေါ်ပြစ်ပုံချတာလောက် ငါမုန်းတာမရှိဘူး နင်အခုမှ အသက်က ၁၃နှစ်ပဲရှိသေးတာ အမြှီးတောင်မပေါက်သေးတဲ့ လက်တောက်လေးက လူတယောက်ကိုကူညီနေလို့ ဟုတ်လား ငါယုံမယ်ထင်နေလား နင်အမှန်တိုင်းပြော မိုးသောက်ဦးယံ ငါအကြောင်းနင်သိတယ်နော်....

သား မလိမ်ပါဘူး မားမား သားအမှန်တိုင်းပြောတာပါ မားမား မကြိုက်တဲ့အလုပ်ကို သားမလုပ်ဝံ့ပါဘူး....

ကြီးပု မားမားကို ကူပြောပေးပါအုံး...ကြီးပုရယ် သားလိမ်ပြောနေတာ မဟုတ်ဘူးဆိုတာ

ကြေးမုံ သားလေးက လိမ်မပြောတတ်ပါဘူး ကြီးပုထိန်းလာတာ ကြီးပုသိတာပေါ့ ညမိုးချုပ်နေပြီး အိမ်ထဲအရင်ဝင်ရအောင်လေ ကြေးမုံ အိမ်ထဲရောက်ရင် ကြေးမုံ ကြိုက်သလောက်ဆူပါကွယ်

ကြီးပု သူ့ဘက်ကနေ ကာကွယ်ပြီးမပြောပေးနေနဲ့ ဒီကောင် ဒီလိုအိမ်ပြန်နောက်ကျရဲ့တာ ကြီးပုနဲ့ ကိုကို အလိုလိုက်လွန်းအားကြီးလို့ ဒီအချိန်က ကလေးတယောက်အိမ်ပြန်လာရမဲ့အချိန်လား အငယ်လေးတွေတောင် အိပ်မောကျနေပြီး....ဒီကိစ္စကို ကြေးမုံ ဘယ်နည်းနဲ့မှ ခွင့်လွှတ်ပေးလို့မရဘူး

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now