ep-69

2.9K 58 62
                                    

မြတ်ဆရာ သူ့လိုဆရာ စေတနာမြင့်မြတ် လေးစားအပ်သော ချစ်သောဆရာ

ဘုရား တရား သံဃာ မိဘနဲ့နှိုင်း တစ်ဂိုဏ်းထဲထား လေးစားအပ်သောဆရာ တပည့်များအပေါ် သားသမီးများပမာ အကြင်နာတရား ရင်မှာထား သနားငဲ့ညှာ အတတ်ပညာ

လိမ္မာယဥ်ကျေး အစဥ်တွေးရှုကာ သူ့ဘဝကိုပင်သူမတွယ်တာ အစစအရာရာ ခွင့်လွှတ်ခြင်းနဲ့ချစ်ခြင်းမေတ္တာအလေးထား လေးစားပါသောမြတ်ဆရာ

ကလေးဘဝငယ်စဥ်အခါ ဗျည်းသရအက္ခရာ သေချာဂဏပြသသင်ကြားကာ တတ်စေချင်သော စေတနာ မှတ်စေချင်သောစေတနာ ရင်မှာပြည့်သိပ် မအိပ်အနေခဲ့သာ တုတ်ကလေးပြကာ ပြကာ မရိုတ်ရက်သော်လည်း စိတ်ထဲတင်းကာ ခြောက်တစ်ခါချော့တစ်လှည့် သိပွံဝိဇ္ဇာပညာပေးတဲ့ အိုဘယ့်ဆရာ မြတ်ဆရာ

စိတ်မှာရိုကျိုး ရှိခိုးကန်တော့ကာ အာစရိယ ဂုဏော သဘောသက်ဝင်စွာ အနန္တ ဂိုဏ်း ဝင် အိုးးးး ကျေးဇူးရှင်မြတ်ဆရာ မြတ်သောဆရာ မြတ်ဆရာ.....

လေလှိုင်းထဲက နေတစ်ဆင့် ပျံ့နှံ့ လာတဲ့ မြတ်ဆရာ သီချင်းစာသားကို ကြေးမှုံနှုတ်ကနေ ဖွဖွလေး တီးတိုးဆိုနေမိသည်

ဆရာမက ကြေးမုံမှမလာရင် ငါသေရင်လည်းမလာနဲ့ဆိုတဲ့ ရာဇသံ ကြောင့် ကြေးမုံ ဆယ်စုနှစ်ကြားပြီမှ ပထမဆုံးအကြိမ် ခြေလှမ်းပြန်ချမဲ့ မြတ်ဆရာပူဇော်ပွဲ ဆိုပါတော့

အပြင်ဘက်ကိုကြည့်ကာ သက်ပြင်းချချနေတဲ့ မိန်းမဖြစ်သူကို

ကြေးမုံ စိတ်ပူနေတာလား

ဟမ်

ဘာကိုလဲ ကိုကို

ဆရာမဆူမှာကိုလေ

အင်း နည်းနည်း ကြေးမုံဘက်ကမှားနေတော့လည်း ဆူခံထိမှာပေါ့ အသက်ကြီးမှ ကလေးပြန်ဖြစ်ရတဲ့ ဒုက္ခ ကြေးမုံပဲရှိမယ် ကိုကို

ကြေးမုံက ရယ်သံလေးနဲ့ဆိုလာသည်

ဘာမှစိတ်မပူပါနဲ့ ကိုကိုရှိတာပဲဟာ

ကိုကို

ပြောလေ ကြေးမုံ

အကြာကြီးနေမှ ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့ ပြန်တွေ့ရမှာ တမျိုးကြီးဖြစ်နေတယ် အကယ်၍ ပြန်တွေ့ခဲ့ရင် ဘာပြောရမှန်း ကြေးမုံမသိဘူး

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now