ကိုကို့ ကိုဆက်မရိုတ်နဲ့တော့လို့ တကယ်အပြစ်ရှိတာကသမီးပါ မာမီ အာ့ကြောင့်တော်ပါတော့ဘာပြောတယ် သမီး နင်ကကော ဘာတွေပြောနေတာလဲ
ငါ့ကိုရူးသွားတာမြင်ချင်နေတာလား နင်တို့မောင်နှမ
နင်က ဘာအပြစ်ရှိတာလဲ ပြောလို့ ခုချက်ချင်းငါ့ကို
သမီးကအဲ့သလိုဖစ်အောင်လုပ်တဲ့တရားခံအစစ်ပါ .....
ဘာကိုဆိုလိုခြင်တာလဲ? မာမီမေးနေတယ် သမီးခုပြောနေတာ ဘာအဓိပ္ပါယ်လဲ
ဘာတွေလဲ ဘာတွေဖြစ်ကုန်တာလဲ ငါ့ကိုရှင်းရှင်းလင်းလင်းပြောကြပါတဲ့ ဒီမအေကို ဟင့် ဟင့် ........
သမီးက သမီးက ......
ခုတော့ မာမီလက်တွေက သံသားပခုံးပေါ်ကျရောက်လာခဲ့ပီး......
ကိုကို့ ကို အဲ့လိုမကောင်းတဲ့သူဖစ်အောင်လုပ်တာ သမီးလို့ သမီးလုပ်တာလို့......
ဟမ်!
မဟုတ်ဘူး မာမီ ညီမလေးပြောတာမယုံနဲ့ သူပြောတာအမှန်တွေမဟုတ်ဘူး ....
သူစိတ်မကောင်းဖစ်လို့ အဲ့သလိုတွေပြောနေတာပါ မာမီ ...နင်တို့တွေ ငါ့ကိုပဲအသေသတ်ကြပါတော့ ငါ့ကိုပဲ သေအောင်သတ်လိုက်ပါတော့ ဒီမအေကို ဒေါ်ဒေလီယာတစ်ယောက် ပြောပြောပီး ငိုနေမိသည် ....
အခု ကြေးမုံမိဘတွေသိသွားပီးလားဒီကိစ္စ
ဟုတ်ကဲ့ မာမီ
ဒီမနက်မှသူတို့အိမ်ကသိကြတာ သူ့ဖေဖေပြောတာ သူတို့သမီးမှာ သားနဲ့ရတဲ့ကိုယ်ဝန်ရှိနေပီးတဲ့ မာမီ...
ဘာပြောရမှန်းမသိအောင် ဒေါ်ဒေလီယာတစ်ယောက် တခဏမျှ ငြိမ်သက်သွားတော့သည်
ကိုယ်ဝန်တဲ့လား!...ဘုရားရေ နားရှိလိုသာကြားနေရတာ ခုထိဘာမှသေချာနားမလည်နိုင်သေးပါ....
ဘယ်လိုလုပ်ကိုယ်ဝန်ကရှိသွားတာလဲ မင်း ဘယ်ထဲကကြေးမုံလေးကို ဖျက်ဆီးလိုက်တာလဲ? လူယုတ်မာရဲ့ .....ဘုန်း ဘုန်း ဘုန်း ဇွဲ၏ရင်ဘက်အား ထုရိုတ်နေပြန်တော့သည်
သားထပ်ပြောလာသည်မှာ ရှေ့လက ဒယ်ဒီနဲ့မာမီခရီးထွက်တဲ့နေ့ကတဲ့လေ
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို