သမီး သမီးအခုဘယ်မှာလဲ
ကူး အခု သူငယ်ချင်းဟောင်းနဲ့တွေ့ဖို့သွားနေတဲ့လမ်းမှာ မာမီ ဘာဖြစ်လို့လဲ အလုပ်ကိစ္စ ရှိလို့လား
ညနေ ချိန်းထားတဲ့ဧည်သည်ရှိတယ် အဲ့တာ မာမီးနဲ့အတူ သမီးကိုလိုက်ခိုင်းမို့
ဟုတ် မာမိီ ကူး အိမ်စောစောပြန်လာခဲ့မယ် မာမီ
ကား ကိုဂရုစိုက်မောင်းအုံး
ဟုတ် မာမီ
ကူး မာမီရဲ့ဂရုစိုက်မှုလေးတွေကြောင့် လှပတဲ့မျက်နှာပြင်ထက် အပြုံးပန်းတစ်ပွင့်ဖန်းဆင်းလိုက်သည်
မာမီသာ ကူးဘဝထဲ မရောက်လာခဲ့ရင် ဒါမှမဟုတ် ကူးသာ မာမီ ဘဝထဲကို အရဲစွန့်ပြီး မဝင်ခဲ့ရင် စန္ဒကူး ဆိုတဲ့ ကူးဟာ အခုချိန်ထိ လူတောမတိုးဘဲ တွင်းအောင်တတ်တဲ့ ယုန်သူငယ်လေးဖြစ်နေအုံးမယ်ထင်တယ်
ကူး အတိတ်ကိုတွေးနေတုန်း ဟာ အရေးထဲ ကားလမ်းတွေက ပိတ်နေသေးတယ် ကူးသာ အသက်တွေကြီးပြီး ပြောင်းလဲလာတယ် မြန်မာနိုင်ငံက ကားလမ်းတွေကတော့ ဒီတသက် ပြောင်းလဲဖို့ ကမ်းမမြင်လမ်းမမြင်ဘဲ....ကူး တစ်ယောက် ပွစိပွစိရေရွှတ်နေရင်း ကားလမ်းရဲ့ဘေးတနာ LED ဆိုင်းပုဒ်တခုကြောင့် ပြုံးလိုက်မိသည်
မင်းက ဘာလဲ မိုးသောက်ဦးယံ ငါ့ရဲ့ အမြင်အာရုံတွေမှာ ခဏခဏ ပေါ်လာရအောင် ငါ့ကို ပြုစားနေရအောင် မင်းက ကဝေလား ဒါမှမဟုတ် စုန်းလား ငါသွားတဲ့နေရာတိုင်း ငါရှိနေတဲ့နေရာတိုင်းမှာ မင်းက မဖိတ်ခေါ်ဘဲ ရောက်လာတတ်တယ် ငါ့က မင်းကို ချစ်မိသွားရင် မင်း ငါ့ကိုတာဝန်ယူမှာလား ငါက နည်းနည်း လိုချင်တပ်မတ်စိတ်များတဲ့သူတစ်ယောက် ငါ့အပိုင်ဆို ဘယ်သူကိုမှ မျှဝေပြီးမသုံးစွဲတတ်ဘူး ငါလိုချင်နေလျှက်နဲ့ ငါ့အပိုင်မဟုတ်လာဘူးဆိုရင် ပျက်ဆီးအောင် ဖျက်ဆီးတတ်တယ် အဲ့တာကြောင့် ငါရဲ့ မျက်စိရှေ့မှာ ခဏခဏမပေါ်လာပါနဲ့လား ငါတောင်းဆိုတာပါ
ခဏအကြာ မီးအနီကနေ အစိမ်းရောင် ပြောင်းသွားကာ စန္ဒကူး ကားလေးလည်းရပ်စောင့်နေရာကနေ မောင်းထွက်လာပါတော့သည်
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို