ညနေစာ ထမင်းစားပွဲ၌ သားနဲ့သမီး မင်းတို့ ကိုကိုဆီက အဆက်သွယ်ရသေးလား
မရဘူး ပါးပါး ဦးယံ လိုင်းတောင်မတတ်ဘူး
ဒါတောင် သားကြီး အိမ်မှာမရှိတာ တပတ်ပဲရှိသေးတယ် ပါးပါးမှာ အိမ်ပြန်ရောက်တိုင်း သားကြီးကို လိုက်ရှာေနမိတယ်
ချီချီလည်း ပါးပါးနဲ့တူတူပဲ ဦးယံဘယ်လောက်တောင်အလုပ်များနေလည်းမသိဘူး ထမင်းကော အချိန်မှန် စားရဲ့လားမသိဘူး
ဟုတ်တယ် ပါးပါး ငယ်လေးနဲ့လည်း စကားမပြောဖြစ်တာကြာပြီး ဖုန်းခေါ်တော့လည်း ကိုသားကြီးပဲကိုင်တယ် ....
ပါးပါးကို မနက်က သူ့အားတဲ့အချိန်ဖုန်းဆက်တယ်ထင်တယ် ဒါပေမဲ့ အဲ့ချိန် ပါးပါးက အစည်းဝေးခန်းရောက်နေတော့ ဖုန်းကိုsilent လုပ်ထားတော့ မသိလိုက်ဘူး ပါးပါးပြန်ခေါ်တော့ သူမအားတော့ဘူးထင်တယ်ချွမ်း ......ကြွေပန်းကန်ပြားပေါ်သို့ ဇွန်းနဲ့ခရင်းတစ်စုံရဲ့အသံဟာ ထမင်းဝိုင်းအတွင်း ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်
ချီချီနဲ့ငယ်လေး ထမင်းစားနေရင် စကားမပြောရဘူးလို့ မားမားမသင်ထားဘူးလား
သင်ထားပါတယ် မားမား
အဲ့တာဆို ဘာလို့ စကားတွေပြောနေကြတာလဲ ဘာလဲ မားမားက မင်းတို့ကို ပစားပေးထားတော့ မားမားပြောတဲ့စကားကို အလေးမထားတာလား ဒါမှမဟုတ် ဂရုမစိုက်တာလား
မ မဟုတ်ပါဘူး မားမား
တိမ်ပန်းချီနဲ့ ရွှေမိုးသည်း
ရှင် /ဗျာ
ဒီတခါ နောက်ဆုံးအကြိမ် သတိပေးရတာ ဖြစ်ပါစေ ...
ဟုတ်
ကြေးမုံ ကိုကိုမေးလို့ ကလေးတွေက ပြန်ပြောတာပါ စိတ်မဆိုးပါနဲ့.....
ကိုကိုလည်း ဘာလို့ ကလေးတွေကိုအကျင့်ဖျက်နေတာလဲ ကြေးမုံ ကလေးတွေကို အဲ့လို အကျင့်ပျက်အောင်မလုပ်နဲ့ ကြေးမုံမကြိုက်ဘူး ပြီးတော့ ပြောရအုံးမယ် ကိုကို သား က အိမ်ကမိဘတွေကို အသက်ရှိတယ် မထင်နေလို့ ဖုန်းမဆက်တာနေမှာပေါ့ သူတောင် အိမ်ကိုအကျိုးအကြောင်းလေးဘာလေး မပြောပြနိုင်တာ အိမ်ကလူတွေကဘာတွေ ပူပန်နေတာလဲ
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို