ep -67

1.7K 40 20
                                    


ကြီးပု ကြေးမုံ ဘယ်မှာလဲ

စိုးရိမ်တကြီး လေသံနဲ့ မေးလာတဲ့ ထက်မြတ်

အော် မောင်ထက်မြတ် ဒီနေ့ ပြန်လာတာ စောသားပဲ

ဟုတ်ကဲ့ ဒါနဲ့ ကြေးမုံကို မတွေ့မိဘူး ကြေးမုံဘယ်သွားလဲ

ကြေးမုံလား မနက်က ဟိုဘက်ခြံအလည်သွားပြီး ပြန်လာတော့ နေလ်ို့မကောင်းဘူးဆိုပြီး အခန်းထဲ လှဲနေတယ်ကွယ်

ကျေးဇူးပဲ ကြီးပု

ထက်မြတ် အပေါ်ထပ်က်ို တတ်သွားတော့မှ ကြီးပုလည်း ခေါင်းလေးကုတ်ကာ

အရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာလည်းမသိဘူး

ထက်မြတ် အခန်းထဲဝင်လိုက်တာနဲ့ ချစ်ဇနီးချောလေးက ကုတင်ပေါ်မှာ စောင်ပါးလေခြုံကာ ဘေးတစ်ခြမ်းဇောင်းလေလှဲကာ အနားယူနေသည်

ကြေးမုံ အပြင်က ပြန်လာပြီးထဲက စိတ်အခြေအနေက အရမ်းကိုပင်ပန်းနွမ်းလျှနေချေပြီး င်ိုလိုက်ရင် ရင်ထဲပေါ့သွားမယ် ထင်ခဲ့တာ ခုထိ ငိုချင်စိတ်ကိုထိန်းမရသေး အဲ့တာကြောင့် အခန်းထဲ အနားယူနေတုန်း ကြေးမုံအနောက်ဘက်ကနေ တစ်ယောက်ယောက် စိုက်ကြည့်နေတာကို ခံစားမိသည် ပြီးတော့ ကြောက်စိတ်လည်းအနည်းငယ်ဝင်မိသည်

ကြေးမုံ ကျောမလုံတာနဲ့ အနောက်ဘက်ကို အားတင်းပြီး လှည့်ကြည့်လိုက်တော့

အမလေးးးးကြေးမုံ မြင်လိုက်တဲ့ မျက်နှာကြောင့် လန့်ဖြန့်သွားကာ ခန္ဓာကိုယ်အစ တုန်တတ်သွားမိတဲ့အထိ

ကိုကို

ကိုကို အဲ့မှာ ဘာရပ်လုပ်နေတာလဲ

ကြေးမုံ အိပ်နေတာကို သဘောကျလ်ို့ ရပ်ကြည့်နေတာလေ

ကြေးမုံ သူမရင်ဘက်ပေါ် လက်လေးတင်ကာ ရုတ်တရက် ကြီး မြင်လ်ိုက်ရတော့ ကြေးမုံ လန့်သွားတာပဲ ကိုကိုရယ်

အော် ဒါနဲ့ ကိုကိုက ဒီနေ့ အစောကြီး ပြန်ရောက်နေတာလား ဒါမှမဟုတ် ကိုကို နေမကောင်းလို့များလား

ကြေးမုံ သူမကိုယ်ပေါ်က ခြုံထားတဲ့ စောင်အပါလေးကို ဖယ်ကာ အိပ်ယာပေါ်က ဆင်းတော့မဲ့ဆဲဆဲ

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now