ep-57

1.1K 33 20
                                    


ကြီးပု ကြီးပု မားမား အခြေနေဘယ်လိုရှိလဲ သက်သာရဲ့လား ဆေးရုံသွားဖို့လိုလား ခုကော မားမား ....သား မကောင်းတာ သားမကောင်းတာ သားကတကယ်ဂြိုလ်ဆိုးပဲ သားမကောင်းတာ းးးးးး

ဦးယံ သူခေါင်းကို လက်နှစ်ဖက်နဲ့ ကြမ်းတမ်း စွာ ရိုတ်နေမိသည်

သား သား စိတ်လျှော့မယ် ကြီးပုပြောတာကြားလား အဲ့လိုမလုပ်ရဘူး

သား မကောင်းတာ အီးးးးးသား ဒီလက်တွေနဲ့ အီးးး

ကြီးပု ဦးယံလက်တွေကို ဆုပ်ကိုင် လိုက်ပြီး အဆင်ပြေတယ်သား ဘာမှမဖြစ်တော့ဘူး ကြီးပုဆေးလိမ်ထားပေးတယ် အဲ့တာကြောင့် စိတ်အေးအေးလေးနေ သားခုလိုမျိူး စိတ်ကမငြိမ်သက်နေရင် စောနက ဖြစ်ရပ်လိုမျိုး သားထပ်လုပ်မိနေမယ်

လာ ဟိုဆိုဖာပေါ်သွားထိုင်ပြီး စကားပြောရအောင်

ကြီးပု မားမား ဒဏ်ရာက စိုးရိမ်ရလား မားမားကို ဆေးရုံခေါ်သွားကြမယ်လေ နော် နော်

သား စိတ်ကိုငြိမ်ငြိမ်ထားပါဆို သား မားမား ဘာမှမဖြစ်ဘူး အပေါ်ယံလေးရှပ်ထိမိသွားယုံပါကွယ် ဒဏ်ရာကသိပ်မနက်ဘူး အဲ့တာကြောင့် ကြီးပု အနာကိုသေချာသန့်စင်ပြီး ဆေးထည့် ပတ်တီးစီးထားပေးတယ်

ဒါပေမဲ့ မားမားက မူးလှဲသွားတယ်လေ အဲ့တာ ဒဏ်ရာက ပြင်းလို့ပေါ့

ဘယ်သူမဆို ဒီအခြေနေနဲ့ကြုံတွေ့ရင် မေ့လှဲမှာပဲ သားရယ် ဘယ်လိုသတ္တိတွေနဲ့များ ကိုယ့်ဘာသာကို သတ်သေဖို့လုပ်ရတာလဲကွယ်

မားမားက သားမရှိတော့ရင် ပျော်မယ်ထင်လို့ သား အဲ့လမ်းကိုရွှေးချယ်မိတာပါ အဟင့် အဟင့်....

သားခုလိုလုပ်တော့ကော သားမားမားပျော်ရွှင်ရလို့လား သား မားမား မပျော်ဘူး သား သိလား သူ့ပြောတဲ့စကားတွေကို သားမပြောနဲ့ ကြီးပုတောင် ခံနိုင်ရည်မရှိဘူး သူပြောသလို သားကိုဖျက်ချခဲ့တယ် စွန့်ပြစ်ခဲ့တယ်ဆိုတာ မှန်တယ် ဘာလို့လဲ အဲ့တုန်းက သား မားမားက အသက်၁၅ဝန်းကျင်ပဲရှိသေးတယ် အဲ့အရွယ်ကလေ သူတို့ခေတ်တုန်းက ကလေးသာသာပေါ့ သားတို့ခေတ်နဲ့တော့ ဘယ်ယှဥ်လို့ရမလဲကွယ် အဲ့အရွယ်လေးနဲ့သားကို လူလောကထဲခေါ်သွင်းခဲ့တာ ဘယ်လောက်ခက်ခဲတယ်ထင်လဲ လူတွေရဲ့အထင်မြင်သေးခြင်း ရှုတ်ချ ခြင်းတွေ ခံခဲ့ရတာ ဒါပေမဲ့ သားကို သူရအောင်မွေးခဲ့တယ်

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now