ဒီနေ့လေးဟာ ချစ်ရတဲ့နှစ်ဦးရဲ့ တန်ဖိုးဖြတ်လို့မရစွာ အင်မတန်လှပတဲ့နေ့လေးတစ်နေ့ပေါ့.......သမီးကြေးမုံ မိတ်ကပ်ပြင်နေတာ ခုထိမပီးသေးဘူးလား
ဟုတ်မေမေ နည်းနည်းဆိုပီးပါပီး မေမေရဲ့
မေမေ့ သမီးလေးကခုလိုကြတော့လဲ မျက်နှာလေးက အေးချမ်းပီးလှပနေတာပဲ မေမေမှာ မေမေသမီးလေးလားလို့တောင် သေချာပြန်ကြည့်ယူရတယ်...
ဟာ မေမေကလဲ သားအမိချင်းမြှောက်နေပြန်ပါပီး ကြေးမုံလှတာ မေမေကိုမမှီပါဘူးနော်
အမယ်လေး စကားလေးကလဲတတ်နေတာ မေမေတို့အပြင်မှာ ဧည်သည့်တွေကို လက်ခံစကားပြောလိုက်အုံးမယ်နော်
ဟုတ်မေမေ ဒါနဲ့မေမေ ကိုကိုကောဟင် မေမေ တွေ့မိသေးလား
အော် သမီး ကိုကိုက အပြင်မှာပြင်လို့ဆင်လို့ ပီးသွားလို့ ကျောင်းကသူငယ်ချင်းတွေနဲ့ စကားဝိုင်းဖွဲ့ နေကြတယ်.....
ကဲ မေမေသွားပီးနော်
ဟုတ်မေမေ......
ကြေးမုံတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲလေး လွယ်လွယ်ကူကူနဲ့ ဖစ်လာခဲ့တာ မဟုတ်ဘူး အထူးသဖြင့် ကိုကိုမိသားစုဘက်ကပေါ့....
ကြေးမုံးက တခြားသူနဲ့လက်ထပ်ဖို့ဆဲဆဲ ဒါ့အပြင် ကြေးမုံကအပျိုမှမဟုတ်တော့တာ ဗိုက်ထဲမှာခလေးလေးက ခုလဆို၂လထဲရောက်နေပီး.....
ကြေးမုံ ပင်ပန်းခဲ့တာထက်စာရင် ကိုကိုကပိုပင်ပန်းခဲ့ရတယ် ကြေးမုံကြောင့်ဆိုပါတော့ .....
အစက ကြေးမုံနဲ့ကိုကို က အထက်တန်းပီးရင်စေ့စပ်ပွဲလေး လုပ်ဖို့ မိဘတွေက သဘောတူထားကြပေမဲ့ ခုချိန်မှာတော့ ကိုကိုမိဘတွေဘက်က သဘောမတူကြတော့ဘူးလေ....
ကိုကို မိဘတွေဘက်က ကြည့်ရင်လဲမှန်ပါတယ် သူတို့သားလူပျိုလေးကိုယ ဘယ်မိဘက ကြေးမုံလိုမိန်းခလေးမျိုးနဲ့ သဘောတူနိုင်မှာလဲ အဲ့တာနဲ့ ကိုကိုက သူအိမ်ကိုထမင်းမစားရေမသောက်ပဲ ဆန္ဒ တွေပြ ကိုကိုအဲ့လိုမျိုးလုပ်လဲ မိဘတွေရဲ့ သဘောထားက မပြောင်းလဲ ကိုကို ကို့နိုင်ငံခြား ပို့ပစ်ဖို့ အတင်းစီစဥ်ခဲ့ကြတာမလား အဲ့တာနဲ့ ကိုကိုလဲ ကြေမုံးနဲ့သဘောမတူရင် ကိုကိုယ့်ကို သတ်သေမယ်လို့ မိဘတွေကို ခြိမ်းခြောက်ပြန်ကော မိဘတွေကလဲ အလျော့မပေး လုပ်ရဲရင်လုပ်တဲ့ အဲ့တာနဲ့ ကိုကိုက မီးဖိုချောင် က ဓားကိုယူလာပီး မိဘနှစ်ပါးရှေ့မှာ လက်ကသွေးပြန်ကြောကို လှီးချလိုက်တော့တာပဲ အဲ့ခါကျ မိဘတွေကစိတ်တွေပူပီး ဆေးရုံကိုချက်ချင်းတင်ကြတော့တာပဲ ကံကောင်းထောက်မစွာ ဆေးရုံအရောက်မြန်လို့ အသက်ဘေးကလွတ်သွားခဲ့တာ ဒါတောင် ကိုကိုက ဆေးရုံမှာတပတ်လောက် နေခဲ့ရသေးတယ်
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို