ep-70

4.3K 70 27
                                    

ကောင်လေးတစ်ယောက် ငိုနေတယ် ပြီးတော့ ရီနေသေးသည် ငိုလိုက်ရီလိုက်နဲ့ ထိုကောင်လေးသည် အလုပ်ရှုပ် နေခဲ့သည်

ငိုရတာ ပင်ပန်းသွားတာလား ငြီးငွေ့ သွားတာများလား ထိုကောင်လေးက ကောင်ကင်ယံက ကြယ်လေးတွေကိုကြည့်ကာ လက်ကနေလည်း စီးကရက်ကိုင်ကာ သောက်နေသည် စီးကရက်အငွေ့တွေကတော့ ကောင်းကင်ယံကို နယ်ချဲ့ကာ ကျက်စားလျှက်

ထိုကောင်လေး တစ်ချက်တစ်ချက် စုတ်ဖွာလိုက်တဲ့စီးကရက်ရဲ့ မီးစလေးဟာ အမှောင်ထုထဲမယ် ရဲရဲတောက် နီနေခဲ့သည် ထိုမီးစလေးရဲ့ အကူအညီဖြင့် ထိုကောင်လေးရဲ့ ရုပ်ရည်ကို ပုံဖော်ကြည့်လို့ရသည် ထိုကောင်လေးက တစ်ခြားသူမဟုတ် ဒီအိမ်ကြီးရဲ့ အရှင်သခင်လေး မိုးသောက်ဦးယံ ဖြစ်နေသည်

ဦးယံ အိပ်မပျော်လို့ ခြံထဲဆင်းကာ ဆေးလိပ်သောက်နေသည် ဒီအခြေအနေမှာ ဦးယံ အိပ်ပျော်ရင် ဦးယံက ခံစားချက်မရှိတော့တဲ့ သေလူဖြစ်သွားမှာပေါ့ တစ်ခါတလေ ဦးယံ ကိုယ်ဘာသာကိုယ် ပြန်မေးကြည့်သည်

ငါကဘာအတွက်ကြောင့်နဲ့ ရှင်သန်နေရတာလဲ ငါရှင်သန်နေတော့ကော ဘာဖြစ်လာမှာလဲ ငါတည်ရှိမှုက အရေးပါရဲ့လား ငါသေသွားရင်ကော ဘာဖြစ်မှာလဲ မေ့ပျောက်သွားကြမလား

အဖြေကတော့ ရှင်းပါတယ် ဦးယံတည်ရှိမှုက အရေးမကြီးပေမဲ့ ဒီ ရှင်သန်နေရတဲ့ အခိုက်အတန့် လေးမှာတော့ မားမား ရဲ့ အချစ်က်ို လိုချင်နေတယ်ဆိုတာပဲ

သူများတွေရဲ့ အိမ်မက်က ဘာလဲဆိုတာ ဦးယံမသိပေမဲ့ ဦးယံရဲ့ အိမ်မက်က မားမား အထူးသဖြင့် မားမားရဲ့ချစ်လှစွာသော သားရတနာလေးဖြစ်ချင်တယ်

လူတွေပြောနေတာ ကြားဖူးတယ် အိမ်မက်တွေကစျေးကြီးတယ်တဲ့ သူတို့က ဘာကိုလိုချင်လို့ အဲ့လိုပြောနေကြတာလဲ တချို့ အရာတွေက ငွေနဲ့ဝယ်လို့မရဘူးဆိုတာ တချို့တချို့သော သူတွေကို အခွင့်ရှိရင် ပြောပြချင်တယ်

ကိုကိုကြီး

ဦးယံ ဒီနာမ်စား ကို ကြားလိုက်ထဲက သူသိလိုက်သည်

မုန်း

ရှင် ကိုကိုကြီး

ဦးယံက သူနဲ့မလှမ်းမဝေးမှာရှိနေတဲ့ မုန်းဘက်က််ို လှည့်ကာ

You've reached the end of published parts.

⏰ Last updated: Dec 25, 2023 ⏰

Add this story to your Library to get notified about new parts!

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now