ဦးယံ ဦးယံ ရရဲ့လား ဦးယံ နှလုံးသား အရမ်းနာကျင်နေတယ်မလား ငိုချလိုက် အားရပါးရငိုချလိုက်နော် မဒေစီ ဦးယံနားမှာ အဖော်ပြုပေးမယ်အဟင့် အဟင့် အဟင့်......
မဒေစီ မားမား မားမားကလေ
အင်း ဦးယံ ခံစားချက်ကိုအမနားလည်တယ် အမေတစ်ယောက်ဖြစ်ပြီး နေမကောင်းဖြစ်နေတဲ့သားကို သတင်းလာမေးတဲ့ပုံစံကဒီလိုတဲ့လား ဦးယံ ပါးတွေရဲနေတာပဲ အရမ်းနာနေတယ်မလား မဒေစီ မဒေစီ တောင်းပန်ပါတယ် ဒီတိုင်းပဲ မတ်တပ်ရပ်ကြည့်နေရတဲ့ ပွဲကြည့် ပရိတ်သတ်ဖြစ်နေမိလို့ ....
မားမား မားမား ကျွန်တော်ဆီ လာတယ်တဲ့ ပျော်လိုက်တာ ကျွန်တော်ဆီကို မားမားက မားမားက ရောက်လာတယ်တဲ့ အဟင့် အဟင့် ကျွန်တော်မထင်ထားဘူး မားမား ဒီလိုရောက်လာမယ်လို့ မားမားက ကျွန်တော်အပေါ် မုန်းတီးနေတာလေ ကျွန်တော်မျက်နှာ အသံကအစ မမြင်ချင်မကြားချင်တဲ့ မားမားက ကျွန်တော် ဘာဖြစ်ဖြစ် လျှစ်လျှူရူ မျက်ကွယ်ပြုထားတဲ့ မားမားက ခု ကျွန်တော်ဆီ ရောက်လာတယ်တဲ့ ဘယ်လောက်တောင် ဘယ်လောက်တောင်......အဟင့် အဟင့် အဟင့် မားမား မားမား ....
ဒေစီ ဦးယံစကားကြောင့် ဆွံ့အ သွားမိသည် ဒေစီထင်တာက အမေက အသည်းနာလောက်တဲ့စကားကြမ်းတွေနဲ့ထိုးသတ်တာအားမရလို့ အသားကိုပါနာကျင်အောင်လုပ်တဲ့ အမေကို မနာကျည်းတဲ့အပြင် မမုန်းတီးတဲ့အပြင် အပြစ်မမြင်တဲ့အပြင် သူ့အမေက သူ့ဆီလာလို့ ဝမ်းသာပြီး ငိုကြွေးနေတာတဲ့ ဘယ်လောက်တောင် ရင်နာလို့မဆုံးဘူးလည်း
ဦးယံ ရူးနေလား ဦးယံက သက်ရှိလူသားတစ်ယောက်လေ ခု ဦးယံ မားမားလုပ်သွားတဲ့ ပုံစံနဲ့လုပ်ရပ်တွေက ဦးယံသာ ဘာမှမဖြစ်သလိုလုပ်နေတာ တခြားသူတွေဆို ခုချိန် ပြန်ပြောတာဖြစ်ဖြစ် ပေါက်ကွဲတာဖြစ်ဖြစ် စိတ်ထွက်ပေါက်ရှာနေလောက်ပြီး ဦးယံက ဘာမို့လို့လဲ ဘာလို့ ဒီတိုင်းငြိမ်ခံနေတာလဲ ဦးယံဘက်ကမှားနေတာတခုမှမရှိသလို့ ဦးယံ လိမ်လည်ပြီးပြောနေတာလည်း တခုမှမရှိဘူးလေ ဦးယံ ရူးနေလား
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို