ကြေးမုံ အိမ်ထဲဝင်ဝင်ခြင်း မေမေက ကြေးမုံကိုမြင်တာနဲ့ ထိုင်နေရာကနေ ကြေးမုံဆီ အပြေးလေးလာပါတော့သည်သမီး နောက်ကျလိုက်တာ သမီးရယ် မေမေစိတ်တွေပူနေတာ
သမီး ဂါဝန်မှာသွေးတွေနဲ့ ဘာဖစ်လာတာလဲ သမီး ဗိုက်ထဲကခလေးလေး တခုခုဖစ်လာတာလား သမီးရယ် မေမေကိုပြောပါအုံး မေမေစိတ်ပူလို့ပါသမီးရယ်
ကြေးမုံ အိမ်ရောက်ပီဆိုတဲ့အသိနဲ့ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပျက်ထိုင်ထမိသည်
ဒေါ်မြခတ်လဲ ထိုနည်းအတူ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပီး သမီး သမီး မေမေခေါ်နေတယ်လေ သမီးဘာတွေဖစ်လာတာလဲ သားဇွဲကော သူပြန်လိုက်မပို့ဘူးလား သမီးပေါ်က သွေးတွေကကော ဘာတွေလဲ သမီးရယ်......
မေမေ မေမေ လို့ခေါ်ပီး ကြေးမုံ သူမရဲ့မေမေရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာ ငိုရှိုက်နေပါတော့သည်
အဟင့် အဟင့် .............
ရင်ခွင်ထဲက သမီးလေးရဲ့ ကျောပြင်လေးကို ပုတ်ပီး ဘာဖစ်လို့လဲသမီးရဲ့ မေမေကိုပြောလေ သမီးလေးမှာ ရင်ဖွင့်စရာမေမေပဲရှိတာမလား သားဇွဲနဲ့အပြင်သွားပီး ဘာတွေဖြစ်ပျက်ခဲ့တာလဲ သမီးရယ် မေမေရင်တွေတုန်လာလို့ပါ
မေမေ မေမေ အဟင့် အဟင့်
မေမေ သမီးနားမှာရှိတယ်လေ ဘာပြောချင်လို့လဲသမီး
ကိုဇွဲ ကိုဇွဲလေ အဟင့် အဟင့် ....
အင် သမီးပြော သားဇွဲနဲ့ဘာဖစ်ခဲ့ကြလို့လဲ
ကိုဇွဲ ကိုဇွဲ ကားတိုက်မှုဖစ်ပီး ဆုံးသွားပီး အဟင့် အဟင့် .....
ဘယ်လိုဖစ်တယ် သမီး ဘုရား ဘုရား
ကိုဇွဲကလေ သမီးကြောင့် သမီးကြောင့်နဲ့
ဆုံးသွားတာ အဟင့် အဟင့် .....
သမီးနှုတ်က ထပ်ပြောလာတဲ့စကားကြောင့် ဒေါ်မြခတ်နွယ် ပိုပီး အံ့သြ ရပြန်သည်
သမီး ဘာတွေပြောနေတာလဲ သမီးရယ်
ဟုတယ် သမီးသာစိတ်မဆိုးခဲ့ရင် ဒါမှမဟုတ် သမီးသာ ကိုဇွဲကို ယုံကြည်ခဲ့ရင် ကိုဇွဲ အဲ့လိုမျိုး ဖစ်မှာမဟုတ်ဘူး မေမေ ....အဟင့် ...အဟင့် ....
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို