ep -51

1K 32 17
                                    


ကြီးပု ဒီညနေ ဘာဟင်းတွေချက်ထားတာလဲ အနံ့လေးကိုမွှေးလို့

ကြက်ကုန်းဘောင် ဆူးပုတ်ရွက်နဲ့ကြက်ဥ့ခလောက်ကြော် ပုဇွန်ထုပ်ဆီပြန် ငံပြာရည်ကြော် အရည်ကတော့ ကြက်သောက်ဆမ်း

ကြီးပုလက်ရာ ဘယ်လောက်ကောင်းလဲဆိုတာ အခန်းထဲကနေတောင် အနံ့ရတဲ့အထိ

သြော် မောင်ထက်မြတ်တောင် အောက်ဆင်းလာပါပြီလား ဒါနဲ့ ကြေးမုံကော မဆင်းလာသေးဘူးလား

တအောင့်နေ ဆင်းလာပါလိမ့်မယ်

သမီးနဲ့သား စားလေ ဘာထိုင်လုပ်နေတာလဲ

ဦးယံကို သတိရလို့ ကြီးပုချက်ထားတာ ဦးယံအကြိုက်တွေပဲ ဦးယံကော စားသောက်အဆင်ပြေရဲ့လားမသိ ဦးယံကိုသတိရလိုက်တာ

ဦးယံ ပြန်လာမဲ့ရက်နီးနေပါပြီး သားငယ် စိတ်မပူနဲ့ အကယ်၍ ပြန်မလာဘူးဆိုရင် ပါးပါးက သားတို့ ကိုကို က်ို ရိုတ်ပြီးသွားခေါ်ခဲ့မယ် ဟုတ်ပြီးလား

ပါးပါး

ပြောလေ ချီချီ

ပါးပါး ပြောတော့ ညနေပြန်လာရင် KFC ဝယ်ခဲ့မယ်ဆို

ဟုတ်လား ပါးပါး အဲ့လိုပြောမိတာလား ဆောရီး ဆောရီး သမီးလေးရယ် ပါးပါးမေ့သွားတယ် နောက်တခေါက်ပေါ့ ပါးပါး သမီးလေးက လိမ်မာပါတယ်

ပါးပါးစကားသံအဆုံး ချီချီ နှုတ်ခမ်းလေးထော်မိသည်၊၊

ဟော် မင်းတို့ မားမားလာပြီး တိတ်တိတ်နေမယ် မားမားအကြောင်းသိတယ်မလား ပါးပါးတောင် လက်မြှောက်အရှုံးပေးထားရတာ

ပါးပါးစကားကြောင့် ချီချီနဲ့ငယ်လေး ပြုံးလိုက်မိသည်

ကြေးမုံ ဟင်းတွေထည့်စားလေ ကိုကိုထည့်ပေးရမလား

ရတယ် ကိုကို ကြေးမုံ နေမကောင်းဖြစ်ချင်သလိုနဲ့ ထမင်းစားချင်စိတ်မရှိဘူးဖြစ်နေတယ် အပေါ်တတ်ပြီး နားတော့မယ်

အဲ့တာဆို ကြေးမုံသဘော ထမင်းစားပြီးရင် ကိုကို တတ်လာခဲ့မယ်

ချီချီနဲ့ငယ်လေး

ရှင်

ဗျာ

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now