ep-60

1.8K 42 31
                                    


ဦးယံ ရောက်လာပြီလား

ဟုတ် ကိုသားကြီး ကျွန်တော် နောက်မကျဘူးမလား

မကျဘူး အချိန်တွေပိုသေးတယ် ဟိုမှာ မဒေစီစောင့်နေတယ် မြန်မြန်အဝတ်စားလှဲပြီးတော့ မိတ်ကပ်ပြင်ဆင်တော့ အားလုံးပြီးတာနဲ့ ကြော်ငြာရိုတ်ကြတာပေါ့ ပြီးရင် အမေးအဖြေအစီအစဥ်ရှိသေးတယ် ညကျရင် ဓာတ်ပုံရိုတ်ဖို့ရှိသေးတယ် ဒီနေ့အလုပ်ရှုပ်မဲ့နေ့ဘဲ ဦးယံ ဘယ်လိုလဲ လုပ်နိုင်ရဲ့လား

ရိုးနေပါပြီဗျာ ဟား ဟား

ဘာစားပြီးပြီးလဲ ကိုသားကြီး ဦးယံအတွက် ကြက်ဆီထမင်းနဲ့ Miloဝယ်ထားပေးတယ် အခု‌စားမလား ဦးယံ ကိုသားကြီး ဦးယံစားဖို့ အခုပဲ ပြင်ပေးမယ်

နေ နေ ကိုသားကြီး ကျွန်တော် ကြော်ငြာရိုတ်ပြီးမှ စားတော့မယ် ဒါနဲ့ ကျွန်တော်ကားကို တယောက်ယောက်ကို သွားယူခိုင်းပေးပါအုံး ဒီမှာ ကားသော့

အိုကေ ကိုသားကြီး သွားယူခိုင်းလိုက်မယ်

အဲ့တာဆို ကျွန်တော် ပြင်ဆင်လိုက်တော့မယ်

ဟဲလို မဒေစီ စောင့်နေတာ ကြာသွားပြီလား

အော် ဦးယံ လာ ဒီမှာလာထိုင်

ဦးယံ ဝင်ထိုင်လိုက်တာနဲ့ မဒေစီ နှားခေါင်းရှုံရင်း ဦးယံ ရေမချိုးခဲ့ဘူးလား အရက်နံ့တွေကော ချွေးနံ့တွေကော ဟောင်ထနေတာပဲ

ဦးယံ သူ့ကိုယ်သူပြန်နမ်းပြီး အာ ဟုတ်သား ညက အင်္ကျီတွေ လှဲမှမလှဲရသေးတာ ဒီတိုင်းထလာလိုက်တာ

ဆောရီး မဒေစီ ကျွန်တော် ရေအရင်ချိုးလိုက်အုံးမယ်

ကြွ ကြွ မြန်မြန်ချိုးနော်

မကြာစေရဘူးးးးဦးယံ မျက်စိတစ်ဖက်မှိတ် ပြလိုက်သည်

နာရီဝက်ကြာပြီးနောက်

ဒေစီတစ်ယောက် ဦးယံ မျက်နှာချောချောလေးအား အရင်ကထက်ပိုချောမောအောင် မိတ်ကပ်ချယ်သပေးနေပါတော့သည်

ဦးယံ မျက်လုံးအပေါ်ကိုတချက်ကြည့်သလို လုပ်လိုက်

အိုကေ ရပြီး ချောလိုက်တာ တို့မင်းသားလေးက

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now