သြော် ကိုအောင်ထူးနဲ့မဒေလီယာတို့ပါလား လာ လာ အထဲဝင်ကြဒါနဲ့ မောင်ကောင်းမြတ်ကော မတွေ့ပါလား မြခတ်
သူလား ခုနလေးတင် ရုံးကပြန်ရောက်တော့ ရေမိုးချိုးနေတာ အကိုရေ
အကိုလာမယ်ဆိုလဲ ဖုန်းလေးကြိုဆက်တာမဟုတ်ဘူး
ဟုတယ် ဘယ်လိုမျက်နှာလဲ ဖုန်းဆက်ပီး ပြောရမလဲမသိတော့ အားတဲ့ချိန်လေး ချက်ချင်းမိသားစုတွေ လာခဲ့ကြတာ
လာ ဒီမှာထိုင်ကြ သားနဲ့သမီးလဲထိုင်ကြ အားမနာနဲ့နော် မိတ်ဆွေရင်းတွေပဲမလား
မိပုရေ ဧည်သည်တွေအတွက် အအေးလေးယူလာခဲ့ပါအုံး....
အန်တီမြ သမီး ကြေးမုံနဲ့စကားပြောချင်လို့ အဲ့တာ
ရတယ်သမီး အပေါ်ထပ်တတ်သွားလိုက် အခန်းထဲမှာရှိတယ်သမီး...
ဟုတ် အာ့ဆိုသံသာအပေါ်တတ်တော့မယ်
ဒယ်ဒီနဲ့မာမီ သမီးသွားမယ်နော်
အေ အေ သွားသမီး သူငယ်ချင်းသေချာ ဂရုစိုက်အုံးနော်
ဟုတ်
မိပုရေ နင်တို့အကိုကြီးကို အောက်ထပ်မှာ ဧည်သည်တွေရောက်နေတာ မြန်မြန်ဆင်းလာဖို့ သွားပြောစမ်းပါအေ...
မြခတ်ရေ အကိုတို့လဲ ဘယ်ကနေစပြောရမလဲ မသိတော့ပါဘူး ကွယ် ရှေ့မျက်နှာနောက်ထားပီးတော့ပဲ မျက်နှာပူပူနဲ့ အကိုတို့သားလေးကို ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါရစေ
အကိုတို့သားလေးအမှားအတွက် တောင်းပန်ပါတယ် မြခတ်ရယ် သားလေးလဲခုဆို သူ့အမှားသူ့သိပီး နောင်တတွေရနေပါပီး အကိုတို့အရှက်မရှိစွာနဲ့ပဲ ထပ်ပီးတော့ အနူးညွတ်တောင်းပန်ပါတယ်
ဟုတ်ပါတယ် အန်တီ သားအမှားအတွက် အန်တီတို့မိသားစုအပေါ် မျက်နှာပြဖို့တောင်ရှက်မိပါတယ် သားလဲခုတကယ်နောင်တရနေပါပီး အဲတာကြောင့် သားဒီနေရာကနေ ဒူးထောက်ပီး တောင်ပန်းပါတယ် အန်တီ
မလိုပါဘူး သားဇွဲရယ် ထ ထ ထ.....
ဇွဲကိုထခိုင်သူကတော့ တခြားသူမဟုတ် ကြေးမုံဖေဖေ ဦးကောင်းမြတ်ပင် ဖြစ်လေသည်
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို