ep -46

1.3K 40 10
                                    


အဟွတ် အဟွတ်..... အဟွတ်

အား....ကျွတ် ကျွတ် ကျွတ်..... ခေါင်းတွေကိုက်လိုက်တာ

ဦးယံ သူ့ နထင်ကို လက်မနဲ့လက်ခလယ်ဖြင့် ဖိထားလိုက်ပြီး အိပ်ယာပေါ်ကနေ မနည်းအားယူကာ ထထိုင်လိုက်သည်

ဆေးသောက်ရမယ် ဆေးက ဘယ်နားမှာထားလဲမသိ အော် တွေ့ပြီး ဆေးကဒ်ထဲက ဒီဂိုဂျင် တစ်လုံးကိုဖောက်ယူလိုက်ပြီး အိပ်ယာဘေးအသင့်ထားတဲ့ ရေဖြင့် သောက်လိုက်ပါတော့သည်

ဆေးသောက်ပြီး မနက်သစ်ဖို့ ရေချိုးခန်းဘက်ကို ဦးတည်လိုက်စဥ်

ဒေါက် ဒေါက် ဒေါက် ဦးယံ မဒေစီပါ ဦးယံ နိုးနေပြီလား နိုးရင် အမကို တံခါးဖွင့်ပေးပါအုံး.....

ဦးယံ ကိုသားကြီး လည်း ရောက်နေပြီး

ခလောက် ဝင်လာကြလေ ကျွန်တော်လည်း ခုမှနိုးတာ

Mornee ဦးယံ ညကအိပ်ပျော်ရဲ့လား

Mornee par ကိုသားကြီးနဲ့မဒေစီ

မဒေစီ စာပို့တယ် ဦးယံ မဖတ်လို့ အဲ့တာကြောင့် တံခါးခေါက်လိုက်တာ

ဟုတ် အခုမှနိုးတော့ ဖုန်းမဖွင့်ကြည့်မိလိုက်ဘူး ဆေားရီးနော် မဒေစီ

ဦးယံ ဒီမှာ ဦးယံအတွက် မနက်စာကို ကိုသားကြီး ကမ်းခြေမှာရောင်းနေတဲ့ ခေါက်ဆွဲသုပ်နဲ့ ပင်လယ်စာကင် ပူပူနွေးနွေးလေး ဝယ်လာပေးတယ် ဦးယံကြိုက်တယ်မလား

ဟုတ်ကဲ့ ကျွန်တော် ကြိုက်ပါတယ် ကိုသားကြီး စားပွဲပေါ် ခဏတင်ထားလိုက် ကျွန်တော် ကိုယ်လက်သန့်စင်အုံးမယ်

မဒေစီကော ခဏလောက်စောင့်လို့ရတယ်မလား

ရတယ် ဦးယံ ဖြည်းဖြည်းသာသာလုပ် မဒေစီတို့ စောင့်နိုင်တယ်

ဦးယံ ကိုသားကြီးနဲ့မဒေစီကို နှုတ်ဆက် ပြီး ရေချိုးခန်းထဲ ဝင်လိုက်ပါတော့သည်

ကိုသားကြီး ဒီကို ခဏလာအုံး ပြောကာ ဒေစီတယောက် မနက်စာပြင်ဆင်နေတဲ့ သားကြီးလက်မောင်းကိုဆွဲယူကာ အနီးနား ဆိုဖာပေါ်သို့ ထိုင်ခိုင်းလိုက်ပါတော့သည်

ဘာလဲ ဘာဖြစ်လို့လဲ ဒေစီ

ဦးယံကို ကြည့်စမ်း ဖြူဖပ်ဖြူရော် နဲ့ အရင်ကထက်လည်း ပိုပိန်လာသလိုပဲ ရှင် ဦးယံကို သေချာဂရုမစိုက်ဘူးမလား

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now