ဟိတ် ဘာလုပ်နေကြလဲအမလေး ဘုရားးးးး
ဟီး မိုးသည်းပါ မမကလည်း
ဟယ် မိုးသည်း အမတို့နှစ်ယောက်က မိုးသည်း ဒီနေ့မလာတော့ဘူး ထင်နေတာ
ဘာလို့လဲ မိုးသည်းကို မလာစေချင်တော့လို့လား
မဟုတ်ပါဘူး မနေ့က ဆရာဆူလိုက်တော့ မိုးသည်းမလာတော့ဘူးထင်နေတာ
ဟွန့် အမတို့ ဆရာက နေ့တိုင်းလိုလို မိုးသည်းကိုဆူနေတဲ့ဟာ
ရော့ ဒီမှာ အမတို့နှစ်ယောက်အတွက် မနက်စာဝယ်လာတယ် ပူတုန်းစားလိုက်အုံး
မိုးသည်း အမတို့တွေ မိုးသည်းကို အားနာ
မစာဘူးလား အဲ့တာဆို မိုးသည်း တခြားသူကိုပေးလိုက်မယ်
မဟုတ်တာ စားမယ် စားမယ်လို့ပြောတာ
ဟုတ်တယ်မလား အေးချမ်း
ဟုတ်တယ် အမတို့စားမှာ စိတ်ချ အခုပဲစားမယ်
မကြည်ပြာ
ပြောလေ မိုးသည်း
မောင် မလာသေးဘူးလားဟင် ဒါမှမဟုတ် မိုးသည်းရောက်တာ စောတာလား နောက်ကျတာလား
မိုးသည်းရဲ့ မောင်က အခုထိရောက်မလာသေးဘူး ဆေးရုံလာရင် အမတို့ကောင်တာရှေ့က ဖြတ်ရတာကို အမတို့တွေ့ရမှာပေါ့
မောင် ကလေ ခုထိ မိုးသည်းကို အဖတ်မလုပ်သေးဘူးသိလား မိုးသည်းကို ရှောင်နေတယ် မိုးသည်း မောင့် အချစ်ကိုရအောင် ဘယ်လိုလုပ်ရမလဲဟင်
အပေးရှိရင် အယူရှိတယ် အသွားရှိရင် အပြန်ရှိတယ် မေတ္တာ ဆိုတာ ရောင်ပြန်ဟပ်တယ် မိုးသည်းရဲ့ လူတွေက ပြောရမဲ့ဆိုရင် အကုန်သူစိမ်းတွေကြီးပဲလေ နောက်မှ အနေတွေနီး သံယောဇဉ် တွေဖြစ်ပြီး ချစ်ကြ ကြိုက်ကြ လက်ထပ် ကြတာလေ စိတ်မပူပါနဲ့ ဆရာက တနေ့တော့ မိုးသည်းရဲ့ အချစ်ကို မြင်လာမှာပါ
ဟဲ့ ဟဲ့ ဟိုမှာ ဆရာလာပြီး
မအေးချမ်းပြောတဲ့ဆီ ကြည့်လိုက်တော့ မောင် မှ မောင် ပါလေ
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို