ဘာ!
မင်းညီမကအဲ့လိုစိတ်ဓာတ်ရှိနေတာလား?...
ပီးတော့ ကြေးမုံကသူ့သူငယ်ချင်းအရင်းကြီး မဟုတ်ဘူးလား
ကြေးမုံက သူနဲ့သွေးသားရင်းမဟုတ်ပေမဲ့ မင်းက မင်းက အကိုအရင်းကြီးလေကွာ
ထားပါတော့ကွာ... အရာအားလုံးကဖစ်ပျက်သွားပီးပီပဲ
သံသာအမှားမဟုတ်ဘူး ငါ့အမှား အကိုတစ်ယောက်အနေနဲ့ငါကသူ့စိတ်ထဲကဒဏ်ရာတွေကို မြင်အောင်မကြည့်ခဲ့တဲ့ ငါ့အမှား
တကယ်တော့ငါလိုအပ်သွားတာ ငါထင်ထားတာက သူ့ကိုနောက်ကွယ်ကနေပဲဂရုစိုက်ပေး သူ့လိုအပ်တာတွေ သူမသိအောင်ဖြည့်ဆည်းပေး သူ့ကိုရိသဲ့သဲ့လုပ်တဲ့ကောင်တွေကို သူမသိအောင်ဆုံးမပေး သူလိုချင်တာတွေသူမသိအောင်ခိုးဝယ်ပီး အခန်းထဲထည့်ထားပေး အဲ့လိုမျိုးနဲ့ချစ်ပေးနေရင်ရပီးလို့ ငါထင်ထားတာ.....ငါထင်တာလွဲသွားခဲ့တယ်ဟာ
ခုတော့ဟာ အကုန်မှားသွားပီး ဘာမှပြန်ပြင်လို့မရတော့ဘူး ခုကစပီးသူ့ရဲ့ရင်ထဲကစိတ်ဒဏ်ရာကို ငါ့ကြိုးစားပီးကွယ်ပျောက်အောင်လုပ်ပေးရမယ် ဒါမှ ငါ့အပစ်ရှိသလိုခံစားရတာလျော့သွားမှား.....ငါသံသာကို ထုတ်မပြောပေမဲ့ ငါ့ညီမလေးကိုငါအရမ်းချစ်တာကွ ငါသူ့ကိုအရမ်းချစ်တာပါဟာ သူထင်နေတာသူ့ကိုငါကမချစ်ဘူးလို့....
ငါတို့သိပါတယ် သားကြီးရာ မင်းညီမလေးကိုမင်းဘယ်လောက်ထိချစ်လဲဆိုတာ မင်းထုတ်မပြောပေမဲ့ ငါတို့နှစ်ကောင်ဘေးကနေတောင် မြင်ရပါတယ်ကွာ
ငါမကောင်းတာကွ ငါမကောင်းတာ ....
မငိုပါနဲ့တော့ သားကြီးရာ ငါတို့လဲမင်းနဲ့ထပ်တူ မင်းရဲ့ဝေဒနာတွေကို ခံစားပေးနိုင်ပါတယ်...
အဲ့တော့ မင်းနဲ့ကြေးမုံကိစ္စကကော ဘာဆက်လုပ်မှာလဲ
ငါသူမလေး ငါ့ကိုခွင့်လွှတ်မဲ့ထိ ငါကြိုးစားပီးတောင်းပန်မယ်ကွာ ပီးတော့သူမလေးနဲ့ငါ့ရင်သွေးလေးကို တာဝန်ယူပီး အဆုံးထိကာကွယ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်
မင်းဆုံးဖြတ်ချက်ကို လေးစားပါတယ်ကွာ
သာယာတဲ့မိသားစုဘဝလေးပိုင်ဆိုင်ပါစေကွာ
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို