ကြီးပုရေ....ဒါလေး ဟိုတစ် ေယာက်ကိုပေးပေးပါလား
ဘာကိုပြောတာလဲ ကြေးမုံ
ဒီဟာ အဆောင်ဆွဲကြိုးလေး မေမေတို့လက်ထက်ထဲက ကိုးကွယ်လာတဲ့ ဆရာတော်ဆီက ကြေးမုံ စွန့်လာခဲ့တာ အန္တရယ်ကင်းတယ်ဆိုလို့
အော် အဲ့တာကြောင့် အစောကြီးထပီး ဘုန်းဘုန်းဆီသွားတာလား မသိပါဘူး ကြီးပုက ဆိုင်သွားထိုင်တယ်ထင်နေတာ ခလေးတွေမေးတော့လည်း ဆိုင်သွားတယ်လို့ပဲပြောထားတာ
ကြီးပုပြောပီးပီလား အဲ့တာဆိုကြေးမုံအလှည့် ကြေးမုံ ဘုန်းဘုန်းဆီသွားတာမဟုတ်ဘူး ဆိုင်ကိုပဲသွားတာ အဲ့တာမှာ ဘုန်းဘုန်းက မြို့ထဲကြွလာလို့ သူ့အတွက်ဆိုပီး ပေးသွားလို့ ကြေးမုံယူခဲ့ပေးတာ
ဟုတ်ပါပီး ပေး ပေး ကြီးပု သားလေးပြန်လာမှပေးလိုက်မယ်
သူက ဘယ်သွားလို့လဲ
ဟိုဘက် ..'.....
ရပီး သူ့ဘာသာ ဘယ်သွားသွား ကြေးမုံနဲ့မဆိုင်ဘူး ကြေးမုံအပေါ်တတ်ပီးနားတော့မယ် ဒါနဲ့ သမီးနဲ့သားငယ်လေးကော မတွေ့ပါလား
မနက်ထဲက ဟိုဘက်ခြံမှာ သွားကစားနေကြတယ်
ကိုကို ပြန်လာရင် ကြေးမုံအပေါ်ထပ်မှာအနားယူနေတယ်လို့ ပြောပေးပါအုံး
ကြီးပု ခဏ
ဘာဖြစ်လို့လဲ ကြေးမုံ
ဟိုဟာလေ ကြော်လှော်ထားတဲ့ဟာတွေ သေချာထည့်ပေးလိုက်နော် ပီးတော့ သောက်နေကြဆေးတွေထည့်ပေးလိုက်အုံးနော် ကြီးပု မမေ့နဲ့နော်
ကြေးမုံ အပေါ်တတ်ပီး အော် ပြောစရာကျန်သေးတယ် လေစိမ်းတိုက်တာ အကြာကြီးမခံနဲ့ အအေးပတ်မယ်လို့ နေပူထဲမှာလည်း ရေတွေအကြာကြီးမကစားနဲ့အုံးဆိုတာပါ ပြောပေး
စိတ်ချ ကြီးပု အကုန်ပြောပေးမယ်နော်
ကြီးပု ဘာလို့ပြုံးနေတာလဲ ကြေးမုံပြောထဲမှာ ဘာတွေပါလို့လဲ
ဘာမှမဟုတ်ပါဘူး သားလေးအပေါ် ဂရုတစိုက်ရှိလို့ ဝမ်းသာလို့ပါ
ကြေးမုံမှာတာ မဟုတ်ဘူး သူ့အဖေမှာခိုင်းတာ ဟိုကအလုပ်ရှုပ်နေလို့ မေ့နေမှာဆိုးလို့ ကြေးမုံက သူ့အဖေအစားမှာပေးတာ ကြေးမုံစိတ်နဲ့သာဆို ပြန်မလာလေကောင်းလေ အစထဲက သူ့ကိုလိုချင်ခဲ့တာမှ မဟုတ်တာ ကြီးပုလည်းသိတာပဲ ကြေးမုံ သူ့ကိုနည်းလမ်းအမျိုးမျိုးနဲ့သတ်ခဲ့ဖူးတယ်ဆိုတာ မပြောမဖြစ် ပြောရအုံးမယ် ကြီးပုလည်း သူ့နားသိပ်မနေနဲ့ သူ့ဆီက မကောင်းတဲ့အညံ့တွေ လာခိုက်နေမယ် သတိထားပီးနေ
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို