သားကြီး ရောက်ပီး ပါးပါးတို့ဆင်းကြရအောင်ဟုတ်ကဲ့ ပါးပါး
ဟေ့ရောင် သော်ဇင် နေကောင်းတယ်မလား
မင်းမြင်တဲ့အတိုင်းပဲ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ဟေ့
မင်းကကော မတွေ့တာတောင် ကြာလှပေါ့ ဒီရက်ပိုင်း ဘာတွေလုပ်နေလို့လဲ
အေကွ ငါ ဒီတလောအလုပ်တွေများနေတာနဲ့ မင်းဆီကိုတောင် မလာဖစ်ဘူး ဒီတစ်ခါ ငါ့သားကြီးကို ခေါ်လာတယ် မင်းမှတ်ကောမှတ်မိရဲ့လား
ဒါ ခုနာမည်ကြီးနေတဲ့ မင်းသားမိုးသောက်ဦးယံမလား မတွေ့တာတောင်ကြာပေါ့ အရပ်ကြီးရှည်လာလိုက်တာကွာ ငယ်ငယ်ကလို နှပ်ချေးတွဲလောင်းလေး မဟုတ်တော့ဘူး
အန်ကယ်ကတော့ဗျာ သားငယ်ငယ်ကအတိုင်းပဲ ခုထိ စနောက်တာ မပြောင်းလဲသေးဘူး
လာကွ မင်းလာမယ်ဆိုလို့ စောင့်နေတာ အထဲဝင်ကြ အပြင်မှာ နည်းနည်းနားငြီးတယ် ငါရုံးခန်းထဲသွားကြတာပေါ့အေ လာ ဒီမှာထိုင်ကြ....
ဟေ့ရောင် ချမ်းသာလာအုံး
ဟုတ် သူဠေးဘာခိုင်းမလို့လဲ
ဧည့်သည်အတွက် lce coffeတစ်ဗူးနဲ့ miloတစ်ဗူး ဝယ်လာခဲ့ မြန်မြန်သွားနော် မကြာစေနဲ့
အန်ကယ် တစ်ကူးတစ်ကကြီး ဝယ်မနေပါနဲ့ အားနားစရာကြီး
အေလေ မင်းကလည်း လူရင်းတွေပဲကို မလိုပါဘူးကွာ
မင်းမလိုပေမဲ့ ငါ့တူဦးယံက ငယ်ငယ်ထဲက milo ကြိုက်တာလေ ငါတူ အတွက်ဝယ်တာ မင်းအတွက်မဟုတ်ဘူး
အန်ကယ် သား အကြိုက်ကို မှတ်မိတုန်းလား
ဒါပေါ့ကွ မမှတ်မိစရာလား အန်ကယ် ဘယ်လောက်ထိ ဦးနှောက်ကောင်းလဲဆို မင်းအဖေအကြောင်းကို ဘာဘာဆိုတာ ချက်ချင်းပြောနိုင်တယ်
ဟေ့ရောင် ဘယ်ကနေ ငါ့အကြောင်းကပါလာတာလည်း
ငါ့မှတ်ညဏ် ကောင်းကြောင်းပြောပြတာ တို့ကောင်ကြီး ဦးယံက မတွေ့တဲ့အတော်အတွင်း တော်တော်ပြောင်းလဲလာတာပဲ မင်းအဖေထက် ဆယ်ဆချောလာတယ်
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို