ထိုလူသားလေး ကြေးမုံကိုမြင်သွားမှာ မသိစိတ်က စိုးရိမ်နေမိသည်ထိုစဥ် ကြေးမုံ ရောက်နေတာကြာပီလား
မကြာသေးဘူး ခုပဲရောက်တာသံသာ
အေ ငါလဲခုပဲရောက်တာ ငါ့အကိုလိုက်ပို့တာလေ....
ဟိုကိုကြည့်လိုက် ကားဘေးမှာရပ်ကြည့်နေတယ်တွေ့ရလား ကြေးမုံ
ကြေးမုံ သံသာပြတဲ့ဆီလှမ်းကြည့်တော့ ကိုဇွဲက ပြုံးပြနေသည်
ကြေးမုံလဲ ချက်ချင်းခေါင်းကို ထိုလူသားလေးရှိတဲ့ဆီ မျက်နှာပြန်မူလိုက်လေသည်
မထင်မှတ်ထားတဲ့ဖြစ်ရပ်က အချိန်စက္ကန့်ခဏလေးအတွင်း ဖြစ်ပွားလာလေသည်
ဤသည်မှာ ကြေးမုံ ဟိုမှာ ထက်မြတ် တယောက်တည်းရပ်နေတယ်တွေ့လား
ငါလှမ်းခေါ်လိုက်အုံးမယ် ကြေးမုံ
သံသာ ခဏ မခေါ်နဲ့ပြောမလို့ရှိသေး
ထက်မြတ် ထက်မြတ် ငါတို့ဒီမှာဆိုပီး အကျယ်ကြီးအော်ခေါ်ပီး လက်ဝှေ့ပြနေသူက သံသာပင်မလား
မကြာမီ အချိန်လေး အခိုက်တန့်မှာ ကြီးမားလှတဲ့ခြေလှမ်းတွေနဲ့ အနားရောက်လာသူကတော့ ကြေးမုံရဲ့ နှလုံးသားရင်ခုန်သံ ပိုင်ရှင်လေး ကိုကိုဆိုတဲ့နာမ်စားပိုင်ရှင် ထက်မြတ်ပင်ဖစ်ပေသည်
တိတ်ဆိတ်အေးချမ်းလှတဲ့ ပတ်ဝန်းကျင်နဲ့အတူ လေထုကလဲအေးစက်နေပေသည်
ထိုအေးစက်မှုလေထုကို စတင်ဖြိုခွဲလိုက်တာကတော့ သံသာဆိုတဲ့သူမ
ထက်မြတ် နင်ကလဲငါတောင်အိမ်လာမခေါ်ဘူး ငါကနင်လာခေါ်မယ်ထင်ပီး စောင့်နေတာ နင့်ကိုစိတ်ဆိုးလိုက်တာအရမ်းပဲ ထက်မြတ်လို့ ပြောပီး နှုတ်ခမ်းလေးဆူထားတဲ့သံသာ
အေ ငါဒီနေ့စာမေးပွဲစဖြေရက်ဆိုတော့ နောက်ကျမှာဆိုးလို့ အိမ်ကနေမြန်မြန်ထွက်လာလိုက်တာ နောက်နေ့ကျငါလာခေါ်မယ်နော် ကြားလား အာ့ကြောင့် စိတ်မဆိုးနဲ့တော့ နင်စိတ်ဆိုးနေရင် အရမ်းရုပ်ဆိုးလို့ ပြောနေပေမဲ့ ထက်မြတ်အကြည့်တွေကတော့ သူချစ်ရတဲ့ ကြေးမုံဆိုတဲ့ ကောင်းမလေးထံပါး၌
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို